လူမှု့ဆက်ဆံရေးနယ်ပယ်မှာ ကျနော်တို့ပါဝင်ဆက်ဆံကြတဲ့အခါ လူတိုင်းအခက်အခဲမျိုးစုံကို တွေ့ကြရပါတယ်။ ကျနော်တို့တွေလူ့စရိုက်အမျိုးမျိုးနဲ့တွေ့ကြုံတဲ့အခါ ပြသနာတွေအမျိုးမျိုး တက်ကြ ကြုံရတတ်ပါတယ်။ တချို့ကပေါင်းသင်းဆက်ဆံရေးပြေပြစ်ကြပေမဲ့ တချို့က ဆက်ဆံရေးကြမ်းတမ်းကြတက်ပါတယ်။ လူတို့ရဲ့အကျင့်စရိုက်ပေါ်မှုတည်ပြီး ဆက်ဆံရေးကွာခြားသွားကြခြင်းပါ။ တချို့ကငယ်စဉ်ကတည်းကအကျင့်ပါလာတဲ့ running wild အကျင့်စရိုက်ကို မဖျောက်ဖျက်နိုင်ကြ၊ သိလည်းပြုပြင်ဖို့မကြိုးစားကြ။
လူတွပြောဆိုဆက်ဆံကြတဲ့အခါသာမာန်အားဖြင့်အားဖြင့်
အပေါ်စီးကပြောဆိုဆက်ဆံတက်သူနဲ့ အောက်ခြေကနေကိုယ့်ကိုယ်နှိပ်ချပြောဆိုဆက်ဆံတက်သူဆိုပြီးအကြမ်းအားဖြင့်တွေ့ရှိနိုင်ပါတယ်။
ကျနော်တို့မြန်မာ့ယဉ်ကျေးမှု့အရ မိမိကိုယ်ကိုနှိပ်ချပြောဆိုဆက်ဆံကြဖို့ ကျနော်တို့သင်ကြားခံခဲ့ရပါတယ်။
အဲ့ဒီအခါ အပေါ်စည်းကပြောဆိုဆက်ဆံတက်သူနဲ့တွေ့တဲ့အခါ မြန်မာ့ယဉ်ကျေးမှု့ကိုနှစ်သက်လိုက်နာပြီး
ကျင့်ဆောင်လုပ်ကိုင်လာတဲ့သူတွေကအောက်ကိုရောက်သွားလေ့ရှိကြရပါတယ်။ (အစိုးရတော်တော်များများကအမိန့််နာခံမှု့နဲ့
စိုးရိမ်ကြောက်ရွံ့မှု့စရိုက်ကို အသက်သွင်းပြီး မြန်မာ့ယဉ်ကျေးမှု့နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့
ကျနော်တို့ပြည်သူတွေ ထာဝရအောက်က မတက်နိုင်တော့တဲ့ဘဝ ရောက်သွားရတော့တာပါပဲ။ မြန်မာပြည်မှာ
သန်းကြွယ်သူဌေးများကအစ စစ်အုပ်စုကိုအဖေတော်နေရတုန်း)
ကျောင်းတွေမှာဆရာတွေစာသင်ပြကြတဲ့အခါ
နည်းလမ်းနှစ်ခုကိုကျင့်သုံးကြတယ်လို့သိရှိရပါတယ်။ စည်းကမ်းကိုခပ်တင်းတင်းခပ်ကြပ်ကြပ်
ကျင့်ဆောင်သူများနဲ့ခပ်လျော့လျော့ကျင့်ဆောင်သူများပါ။ ဒီနေရာမှာ စည်းကမ်းခပ်လျော့လျော့ကျင့်ဆောင်ပြီးမှ
စည်းကမ်းရှိကြဖို့ ပြောဆိုဆုံးမရာမှာအခက်အခဲများစွာတွေ့ရတာကို တွေ့ရှိကြရပါတယ်။ စည်းကမ်းခပ်ကြပ်ကြပ်လုပ်ဆောင်ပြီးမှအနည်းငယ်ဖြေလျော့ပေးပါက
ပိုအဆင်ပြေတာကိုတွေ့ရှိကြပါတယ်။ ကျနော့်ရဲ့လူမှု့ပေါင်းသင်းဆက်ဆံရေးအကျင့်က အောက်ကနေစပြီး
ပေါင်းသင်းဆက်ဆံတက်တဲ့အကျင့်ပါ။ အဲ့ဒီအခါ အထက်စီးကဆက်ဆံတက်တဲ့သူတွေနဲ့ တွေ့တဲ့အခါ အဆင်မပြေတော့ပါ။
ကိုယ်ကခံဘက်ကအများဆုံးပါ။ အရင်တုန်းကသည်းခံတက်ပေမဲ့နောက်ပိုင်းတော့ သည်းခံချင်စိတ်မရှိတော့ပါ။
အဲ့သည်အခါပြဿနာပေါင်းများစွာတွေ့ကြုံလာရခြင်းပါ။ ကျနော်အလုပ်မှာ ဦးဆောင်သူဖြစ်လာတဲ့အခါ
ကျနော့်ရဲ့အကျင့်ကအဆင်မပြေတော့ပါ။ ထိမ်းသိမ်းကြပ်မတ်ရတာ အတော်ကိုခက်ခဲပြီးပြဿနာပေါင်းများစွာတွေ့ရှိလာရပါတယ်။
မိတ်ဆွသူငယ်ချင်းအချို့နဲ့ဆက်ဆံတာကအစ တချို့ရဲ့ နှိပ်ချဆက်ဆံခံရတာကိုကအစတွေ့ရှိလာရပါတယ်။
မပြည့်တဲ့အိုးဘောင်ဘင်ခတ်ဆိုသလိုဖြစ်နိုင်တာမို့ ညဏ်ပညာပြည့်ဝသူတွေနဲ့ဆက်ဆံရာမှာတော့သိပ်တွေ့ရလေ့မရှိပါ။
အမှန်တကယ်တော့
ဘာမဆိုတဘက်စွန်းကျရင်မကောင်းတက်ပါ။ မိမိကိုယ်ကိုနှိပ်ချစွာဆက်ဆံလွန်းလျင်လည်းမကောင်းသလို
အပေါ်စီးကအမြဲတမ်းဆက်ဆံတက်လျင်လည်း မကောင်းပါ။ ပေါင်းသင်းဆက်ဆံရေးလိုအပ်တဲ့သူတွေထဲမှာ
ကျနော်အပါအဝင်ကျနော့်အမျိုးသမီးလည်းပါဝင်သူပါပဲ။
ကျနော်ကတော့အောက်ကစဝင်တက်သူဖြစ်ပြီးသူကတော့ ငယ်ကျင့်အတိုင်း အမြဲတန်း အပေါ်စီးကပြောဆိုနေထိုင်လာသူဖြစ်ပါတယ်။
တချို့တွေက မိဘတွေလူကြီးတွေနဲ့ ပြောဆိုဆက်ဆံရာမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအချင်းချင်းဆက်ဆံရာမှာပဲဖြစ်ဖြစ်
အောက်လက်ငယ်သားကိုဆက်ဆံရာမှာပဲဖြစ်ဖြစ်၊ သင့်တော်သလိုမဆက်ဆံကြပဲ အောက်လက်ငယ်သားကို
ဆက်ဆံသလို အားလုံးကိုပြောဆိုဆက်ဆံတဲ့အခါမှာ ရိုင်းပြမှု့တွေဆိုတာဖြစ်ပေါ်လာရပါတယ်။
ငယ်မှုငယ်စရိုက်ဖြစ်တဲ့အတိုင်း တသက်လုံးဆုံးမပြုပြင်ပေးမဲ့သူမရှိ မပြောင်းမလဲကျင့်ကြံနေထိုင်လာတော့
ကောင်းလားဆိုးလား မှန်လားမှားလားသူတို့အမြင်မကြည်လင်နိုင်တော့ပါ။ ကိုယ်ကိုယ်တိုင်ကခေါင်းမာသူဆိုရင်တော့
မိမိကိုယ်လည်း ပြန်မသုံးသပ်မိနိုင်တော့ပါ။ ဤတို့သောသူမျိုးအတ္တကြီးတဲ့အကျင့်ပါထပ်ပေါင်းထည့်လိုက်လျင်တော့
ဝေးဝေးသာရှောင်ပေလေရော့။ ကျနော့်အလုပ်ထဲမှာလည်း ထိုအကျင့်ဆိုးများအားလုံးပေါင်းထားတဲ့သူတချို့ရှိနေတာကိုတွေ့ရပါတယ်။
ထိုသူတွေရဲ့ပြုမှုပုံကအလုပ်ကိုအမှားမခံတိတိကျကျလုပ်တက်သောလည်း သူတို့အလုပ်ကိုမတော်တဆဖြစ်စေနှောက်ယှက်လာသူတိုင်းကို
ရန်သူတဖွယ်ဆက်ဆံတက်လေ့ရှိပါတယ်။ သူတို့တွေကပုံသေနည်းတခု၊ အသိတခုကိုသားရည်သေမှတ်သားထားတတ်ပြီး
အချိန်၊ နေရာ၊ ပုံစံ တခုခုပြောင်းလဲလိုက်လျင်စိတ်မတည်ငြိမ်ဖြစ်ပြီး ပြဿနာရှာတတ်သူများပါ။
ကျနော်ကထိုသူများကိုဥပမာတခုပေး၍ခိုင်းနှိုင်းရပါလျင်
အလုပ်လုပ်နေသောဆင်များ နားချိန်ရောက်လျင် လုပ်လက်စအလုပ်ကိုဆက်မလုပ်တော့ပဲ သစ်တုံးများထမ်းထားပါစေအုံး
အခြားလူဘေးအန္တရယ်ကျရောက်မှာကိုမဆင်ခြင်တက် ပစ်ချရပ်ဆိုင်းလိုက်ကြလေ့ရှိတဲ့ ဦးနောက်စဉ်းစားညဏ်မသုံးတတ်သည့်ခိုင်းဆင်များအတိုင်းလုပ်တတ်သူများဟုပင်။
No comments:
Post a Comment