“ပြန်ဆုံကြမယ်သူငယ်ချင်း”
ကျောင်းဆောင်သေးသေး၊ ကွင်းဝေးဝေးနှင့်၊
အခန်းကျဉ်းကျဉ်း၊ လမ်းကျဉ်းကျဉ်းမှာ၊
ပညာနို့သောက်၊ စနောက်ပျော်ပါး၊
အားမရခင်၊ ကြမ္မာငင်သည်။
အသင်ချစ်ဆွေ၊ မတွေဝေနှင့်၊
လေဗွေငြိမ်းလျင် လေပြေဆင်၏။ ။
“ဆူးသင့်နှင်းဆီ”
ခူးမယ်လို့ကြံ၊ ပန်မယ်လို့ ရည်စူး၊
မာန်နဲ့ရံ၊ ပေါင်းဖော်ဆူးက၊
ပန်းလှရိပ်မူး။
ပန်ရက်ဖူးကွယ်၊
ဆူးလယ်မှာ လှဂုဏ်တင့်စေတော့ရယ်လို့၊
ချင်စိတ်ကို ချိုးနှိမ်သိပ်ပါမှ၊
ဆူးအလယ် ပန်းနှယ်ကြွေရတယ်၊
ဖြေရက်နိုင်ဘူး။ ။
“ချစ်စွမ်းအားဖြင့်”
ချစ်သူမထံ အတိတ်ယံမှ၊
လွမ်းစာခွေပါး၊ ချစ်သူကြားအောင်၊
ပါးနားထိကပ်၊ နမ်းတံစိတ်အမှတ်နှင့်၊
တိတ်တိတ်ကလေး ပြောပေးလိုက်သည်၊
ထာဝရတည်ဟု။ ။
ချစ်သူရယ်
တချက်လေးတောင် လှည့်မကြည့်လိုက်ပါနဲ့၊
မောင့်ရင်ထဲက ယဲ့ယဲ့အသည်းဟာ၊
နဲနဲလေးမှမနေနိုင်ဘူးလေ၊
ဝင့်ယှဉ်ပြိုင်အုံးမတဲ့လား။
အမုန်းမပါ၊ ထီးဗလာနဲ့၊
နေပူပူ ဆူးထူထူထဲ၊
လျောက်ရဲလို့လား။ ။
ရွှေလရယ်သာ ကြယ်ပြာကပုန်း၊
လေအလာကြယ်ပြာထွက်ကာမှ၊
တိမ်ဝဠာပြာပြာနက်ကယ်၊
မဲမှောင်ရီဖုံး
No comments:
Post a Comment