Cryptocurrency ဆိုတာ digital currency ဖြစ်ပြီး computer network အတွင်းမှာအလုပ်လုပ်ပါတယ်။
အစိုးရတို့လို bank တို့လို central authority ကကိုင်တွယ်ထိန်းချုပ်လို့မရနိုင်ပါဘူး။ (ဒါပေမဲ့ cryptocurrency အမျိုးအစားဖြစ်တဲ့
stablecoin (USDC, USDT စသဖြင့်)လိုမျိုးတွေကတော့ တည်ငြိမ်တဲ့ တန်ဘိုးတခုဖြစ်ဖို့ အစိုးရတချို့ရဲ့ပါဝင်ပတ်တက်မှု့၊
ဥပဒေပြုမှု့အပေါ် အားထားရပါတယ်။) cryptocurrency ဟာ blockchain
လို့ခေါ်တဲ့
ကွန်ပြူတာ net work file ထဲမှာ cryptography (complex math) စနစ်နဲ့
အလုံခြုံအစိတ်ချဆုံးဖြစ်အောင်သိမ်းစည်းထားပါတယ်။
Blockchain ဟာ records (blocks) တွေစုပေါင်းထားတဲ့ distributed ledger (a collection of data that is spread across
multiple nodes) မှတ်တမ်းပဲဖြစ်ပါတယ်။ အဲ့ဒီ block
တွေကို
လုံခြုံစိတ်ချရတဲ့ cryptographic hashes
( fixed-size, unique digital
fingerprint of data) တွေနဲ့ဖန်တီးချိတ်ဆက်ထားပါတယ်။ transaction တခုဖြစ်တိုင်း အရင်မှုလ
block
ကိုပြုပြင်ပြောင်းလဲလို့မရနိုင်တာကြောင့်
အဲ့ဒါနဲ့ချိတ်ဆက်ထားတဲ့ နောက်အသစ် block တခုကိုဖြစ်ပေါ်စေရပါတယ်။
block
အသစ်တခုဖြစ်ပေါ်လာတိုင်း
အရင်မှုလblock
ရဲ့
cryptographic hashes
တွေ၊
timestamp (လုပ်ဆောင်တဲ့အချိန်)
တွေ transaction data တွေ ပြန်ပါဝင်လေ့ရှိပါတယ်။
တနည်းအားဖြင့်
blockchain ကို
digital
notebook or file လို့ပြောရင်ရနိုင်ပါတယ်။ Blockchains ကို အဓိကအားဖြင် peer-to-peer (P2P) (P2P is a popular approach that allows users to
trade, buy, and sell cryptocurrencies without the assistance of a third party.) စနစ်နဲ့လုပ်ဆောင်ပေးပါတယ်။
မိမိရဲ့ ကွိုင်ကို transaction
လုပ်ရင်
အဲ့ဒီ blockchain ဖိုင်ထဲမှာမှတ်တမ်းအဖြစ်ကျန်ရှိပါတယ်။
အဲ့တာကိုအားလုံးကကြည့်နိုင်ပေမဲ့ ဘယ်သူမှဖျက်စီးလို့မရပြုပြင်လို့မရနိုင်ပဲ
အမြဲတမ်းအဲ့ဒီ မှတ်တမ်းကျန်ရှိနေမှာပါ။
ဘယ်လိုအလုပ်လုပ်လဲ
·
networks of computers (nodes) တွေနဲ
software
တခုထဲမှာပဲ
လုပ်ဆောင်စေပါတယ်။
·
အဲ့ဒီ nodesတွေအားလုံး protocol လို့ခေါ်တဲ့တူညီတဲ့စည်းမျဉ်းတွေပေါ်မှာပဲအလုပ်လုပ်ခွင့်ရှိပါတယ်။
ဒါကြောင့် တချို့ကွန်ပြူတာ offline ဖြစ်တာတောင် အလုပ်ကိုတူညီတဲ့
system
တခုထဲမှာပဲဆက်လုပ်ပါတယ်။
·
တဦးတယောက်၊ အဖွဲ့အစီးတခုတည်းကထိန်းချုပ်လို့မရနိုင်တဲ့
decentralization စနစ်ဖြစ်တာကြောင့်
လုပ်ပိုင်ခွင့်အာဏာက မိမိပေါ်မှာပဲမှုတည်ပါတယ်။
အကယ်၍ သင်အခြားတယောက်ဆီကို 1 Bitcoin ပို့မည်ဆိုပါလျင်-
၁၊ wallet app ဖွင့်ပြီးသင်ပို့မဲ့သူရဲ့
wallet
address ထည့်ပါ။
၂၊ သင့်ရဲ့ private key ထည့်ပြီးပို့ပါ။
၃၊ transaction က network
ပေါ်ရောက်သွားပြီး
သင့်ရဲ့ငွေအမှန်အကန်ရှိတာ၊ စတဲ့သင်ရဲ့လုပ်ဆောင်မှု့မှန်ကန်တယ်ဆိုရင် blockchain (a
permanent public record) ထဲကိုရောက်သွားပါတယ်။ အဲ့ဒီအခါသင့်ရဲ့ 1
Bitcoin ကသင်ပို့တဲ့သူဆီရောက်သွားပြီးဖြစ်ပါတယ်။
Mining ဆိုတာဘာလဲ
Mining ဆိုတာ Proof of Work (PoW) ကိုသုံးပြီးတော့ transactions
လုပ်ခြင်းဖြစ်ပါတယ်။
Miners
(computer) တွေက ရှုတ်ထွေးလှတဲ့ hash puzzle
တွေကို လုပ်ငန်းပြီးမြောက်အောင်ဖြေရှင်း လုပ်ကိုင်ပေးရပါတယ်။
digital
accountants ပုံစံလိုမျိုးလို့ပြောလို့ရပါတယ်။
အဲ့ဒီအလုပ်ကိုလုပ်ပေးရင် rewarded တွေရနိုင်ပါတယ်။
Staking ဆိုတာဘာလဲ
Staking ဆိုတာ Proof of Stake (PoS) systems ကိုသုံးပြီးတော့
coins
တွေကို
lock
up (stake) လုပ်ပေးရခြင်းပါ။ coins
တွေကို
ပိုမို stake
လုပ်နိုင်လေလေ
validate
transactions ကို လုပ်ပိုင်နိုင်ခွင့်ပိုရလေလေ ဖြစ်ပြီး blocks
တွေကိုတည်ဆောက်နိုင်ပါတယ်။
တချို့ coins တွေကတန်ဘိုးအလွန်ကြီးမားလာကြတာဘာကြောင့်လဲ
1. Scarcity – (the state of being scarce or in short supply)၊ coins ထုတ်လုပ်မှု့ကိုကန့်သတ် သတ်မှတ်ထားလို့ပါ။
ဥပမာ Bitcoin
က fixed supply (21 million
coins only)
2. Utility - တချို့ coins တွေက လက်ရှိအသုံးပြုနိုင်တဲ့
smart
contracts, apps, and payments စတာတွေနဲ့အသုံးပြုနိုင်လို့ပါ။ ဥပမာ Ethereum ။
3. Trust in the network –
blockchain စနစ်ကလုံခြုံစိတ်ချရမှု့၊
ပွင့်လင်းမြင်သာရှိမှု့၊ မှန်ကန်တိကျမှု့ တို့ကြောင့်
လူတွေရဲ့ယုံကြည်မှု့ကိုရစေလို့ပါ။
4. Adoption - cryptocurrency
ကို သူနဲ့သက်ဆိုင်တဲ့ apps တွေပိုများပြီး လူတွေပိုသုံးလာလေလေ
တန်ဘိုးမြင့်တက်လာလေလေပါ။
5. Decentralization – coins
တွေကို
အစိုးရတို့လိုလူမျိုးက လိုသလိုမထုတ်လုပ်၊ မသိမ်းဆီးနိုင်တာကြောင့်
ငွေကြေးဖောင်းပွမှု့မဖြစ်ပေါ်နိုင်ပါ။
I enjoyed reading this article because it highlights useful trading concepts in a simple manner. Learning from the top forex traders in the world can inspire beginners to develop better strategies and trading discipline. Educational content like this helps readers understand the importance of patience, analysis, and continuous improvement. Thank you for sharing such helpful information with the trading community.
ReplyDeleteMany beginners often wonder what does icr mean when reading financial reports or investment analysis. This article explains the concept in a straightforward manner without unnecessary complexity. Understanding important financial ratios helps readers evaluate business performance more effectively and make informed decisions. I appreciate the clear examples and practical explanations that make learning much easier for anyone interested in finance and investing.
ReplyDelete