Cutting နည်းဖြင့် သစ်ပင်မျိုးဆက်ကူးခြင်း

သစ်ပင်မျိုးဆက်ကူးတဲ့နည်းတွေထဲမှာ Propagating by Cutting နည်းဟာ အလွယ်ကူဆုံးနဲ့ လူသုံးအများဆုံး နည်းဖြစ်ပါတယ်၊ အပင်တော်တော်များများ သူ့အကိုင်းမှာပင်အမြစ်ထွက်တတ်သလို တချို့အပင်တွေဟာ ရေထဲမှာထားရင် ထွက်လာတတ်ပါတယ်၊ citrus အပင်မျိုးတွေကတော့ အမြစ်ထွက်ဖို့ ခက်ခဲပါတယ်၊ ဒါပေမဲ့ ဒီCutting နည်းနဲ့ စနစ်တကျစိုက်ရင် သန်မာကောင်းမွန်တဲ့ အမြစ်ထွက်လာမှာ ဖြစ်ပါတယ်၊ ဖေဖေါ်ဝါရီလ လယ်လောက်ဆိုရင်တော့ စတင်စိုက်ပျိုးဖို့သင်တော်တဲ့အချိန်ပါပဲ၊ စလုပ်ကြည့်ရအောင်။
ပထမဆုံး သင်ကိုင်းကူးချင်တဲ့အပင်ရဲ့ အညွန့်ကို ခူးဖြတ်ရမှာဖြစ်ပါတယ် ရင့်နေတဲ့အကိုင်းအညွန့်မဖြစ်စေရပါ။


အကိုင်းဖြတ်ရာမှာ မနက်ပိုင်းကအကောင်းဆုံးအချိန်ပါ၊ အကိုင်းတွေကိုဖြတ်ပြီးစုတဲ့အချိန်မှာ မစိုက်မှီ ခွက်တခုထဲထည့်ပြီး ရေစွတ်ထားတဲ့စက္ကူနဲ့ဖုံးအုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။
ဓားထက်ထက်တခုနဲ့ အရွက်နဲ့ပင်စည်ထိနေတဲ့ နေရာအောက်ခြေကနေကပ်ပြီးဖြတ်လိုက်ပါ၊ အညွန့် ကိုဖြတ်မယ်ဆိုရင် 4 ပေ ကနေ 6 ပေ အတွင်းမှာ ဖြတ်သင့်ပါတယ၊် ရှည်ရှည်ဖြတ်မိရင် အမြစ်ကောင်းကောင်း ထွက်မှာ မဟုတ်ပါဘူး ထွက်လာရင်လည်း ကလန်ကလားနဲ့ သန်မာမှူ့ရှိမှာမဟုတ်ပါ။








အရင်းမှာကပ်နေတဲ့ အရွက်တချို့ကို ချိုးလိုက်ပါ၊ အဲ့ဒီနေရာကနေ အမြစ်တွေထွက်လာနိုင်လို့ပါ၊ အပင်မှာ အဖူးတွေ အပွင့်တွေပါနေရင် ချွေထုတ်လိုက်ပါ၊ အပင်ရဲ့အမြစ်အတွက အစာ အဟာရတွေကို သူတို့က သုံးစွဲတတ်လို့ပါ၊ ဒါဆိုရင် စိုက်ဖို့အဆင့်သင့်ဖြစ်ပါပြီ။
Potting soil ထဲမှာ ခဲတံ ဒါမှမဟုတ် တုတ်တခုခုနဲ့ အကိုင်းထည့်နိုင်အောင် အပေါက်ဖောက်လိုက်ပါ၊
အမြစ်ထွက်လွယ်ကူအောင် rooting pounder ကိုသုံးရပါတယ်၊ rooting pounder က ဖြတ်ထားတဲ့အကိုင်းမှာ မှိုမတက်အောင် ကာကွယ်ပေးပါတယ်၊ ဘူးထဲကို အကိုင်းတိုက်ရိုက်မထိုးထဲ့ပဲ ခွက်တခုထဲ လိုသလောက် အနည်းငယ်ထည်ပြီး သုံးရင်ပိုကောင်းပါတယ်၊ ဗတ်တီးရီးယားဝင်ပြီး ပျက်စီးစေတတ်လို့ပါ၊ rooting pounder ကို အမြဲတန်း သန့်ရှင်းစွာထားရမှာမို့လို့ပါ။
အမုန့်များ ကွာမကျအောင်သတိထားပီးအသင့်ရှိသော ဖောက်ထားသော အပေါက်ထဲသို့ ထဲ့ပါ၊ ဘေးမှမြေဇာများဖြင့်ပြန်အုပ်ပြီး ရေစိုရုံ လောင်းပေးပါ။

ပြီးလျှင်ပလတ်စတစ်အိပ်ထဲထည့်၍ လေမှုတ်သွင်းပြီးထားပါ၊ နေပူပြင်းမူ့ကိုကြည့်၍ မြေခြောက်သွေ့သွားပါက ၂ရက်၃ရက်တခါလောက်ပလတ်စတစ်အိပ်မှထုတ်ပြီး ရေလောင်းပေးပါ













၃ပတ်လောက်ကြာလျင် အမြစ်များ လုံလောက်စွာ ထွက်လာပြီဖြစ်သောကြောင့် မြေချစိုက်လို့ရပြီဖြစ်ပါတယ်။

No comments:

Post a Comment