ကျနော့်သမီးတောင်ပံစုံ၍ လောကဝေဟင်သို့ပျံသန်းလေတော့မည်။ လွန်ခဲ့တဲ့တပတ်ကျော်လောက်က သူ့ Boyfriend ကကျနော်တို့အိမ်ကိုလာပြီး သူတို့ လက်ထပ်ကြတော့မယ်ဆိုပြီး အသိပေးခွင့်တောင်းလာပါတယ်။ သမီးကလွန်ခဲ့တဲ့နှစ်က Computer Science ကျောင်းပြီးခဲ့ပြီး သူ့ကျောင်းက Computer Engineering တက်နေတဲ့သူနဲ့ Boyfriend ရပြီးကျနော်တို့နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တခါတလေ သူတို့တို့မိသားစုနဲ့ကျနော်တို့မိသားစုတွေ့ပြီးစားကြသောက်ကြလည်ပတ်ကြနဲ့ မိသားစုနှစ်ခုခင်ခင်မင်မင်ပေါင်းသင်းခဲ့ကြတာနှစ်ပေါင်းအတော်ကြာခဲ့ပြီ။ ခုချိန်မှာ သူတို့ကျောင်းလည်းပြီးကြပြီ၊ သူ့အမျိုးသားကလည်းသူတက်တဲ့ဘာသာနဲ့အလုပ်ရပြီဆိုတော့ ဝမ်းပန်းတသာပဲလက်ခံလိုက်ပါတယ်။ လက်မခံစရာအကြောင်းလည်းမရှိ၊ လက်မခံလို့လည်းရနိုင်မှာမဟုတ်ဘူးလေ။ သူတို့ဘဝသူတို့ရွေးချယ်ရမှာ။ နောက်တော့သမီးကပြောတယ်သူတို့လက်ထပ်ပွဲမလုပ်ချင်ဘူးတဲ့ တရားရုံးမှာလက်မှတ်ပဲထိုးချင်တယ်တဲ့။ သူကျောင်းပြီးတုန်းကလည်း ဘွဲ့လက်မှတ်တက်မယူချင်ဘူးဆိုပြီး ပြီးမှကျောင်းမှာသူ့ဟာသူသွားထုတ်ယူတယ်။ စိမ့်စိမ့်ကဘွဲ့ဝတ်စုံနဲ့ဓာတ်ပုံလေးရိုက်ပေးပါဆိုတာတောင်သဘောမတူဘူး။ သူကဘာမှရှုတ်ရှုတ်ရှက်ရှက်အပိုအလုပ်တွေသိပ်လုပ်ချင်တာမဟုတ်။ သူတို့သားအမိစကားနာထိုးနေကြတာကိုကျနော်ကတောဘေးကနေပြုံးနေမိတယ်။ ကျနော်ကတော့ဘာဖြစ်ဖြစ်အဆင်ပြေတယ်။ သိတဲ့အတိုင်းခုချိန်ကျနော်တို့အမိမြေမှာ စားစရာမရှိလို့ဗိုက်ဟောင်းလောင်းနေရတဲ့သူတွေ၊ အိမ်မီးလောင်ပြာကျလို့ငိုယိုပူဆွေးနေတဲ့သူတွေတပုံကြီး။ သူတို့ကိုလစ်လှူရှုပြီးတခြားနေရာတွေမှာသိပ်အကုန်အကျမခံချင်။ ကျနော်တို့တုန်းကလည်းစိမ့်စိမ့်ကိုတရားရုံးမှာပဲလက်ထပ်ခဲ့တာ ဘာပွဲတွေမှမလုပ်ခဲ့ဘူး။ သူငယ်ချင်းတချို့နဲ့စားသောက်ဆိုင်မှာအတူစားသောက်ကြတာပဲရှိတယ်။ ပြီးတော့ ကျနော့်မှာရှိတဲ့ ငွေ၅၀၀လေးနဲ့ဘဝတခုကို ဘယ်သူ့အကူအညီမှမယူပဲ တည်ထောင်ခဲ့ကြတယ်။ ကျနော်တို့ Las Vegas ကိုသွားပြီး Church မှာနှစ်ယောက်ထဲမင်္ဂလာဆောင်ခဲ့ကြတယ်။ အမှတ်တရအနေနဲ့ အဲ့ဒီ Church ကဝန်ဆောင်မှု့ပေးတဲ့ ကင်မရာသမားငှားပြီးဈေးအတတ်သာဆုံးဗွီဒီဓာတ်ပုံရိုက်ထားရုံပဲရှိပါတယ်။ အဲ့ဒီ Church ကအပြန် Bus car ပေါ်မှာ ကျနော်တို့နှစ်ယောက်ဝတ်စားထားတဲ့အသွင်အပြင်နဲ့ မင်္ဂလာဆောင်ပန်းစည်းကိုင်ထားတာကိုကြည့်ပြီး ကားပေါ်မှာပါလာတဲ့သူတွေက မင်္ဂလာဆောင်လာကြတာလားဆိုပြီးမေးကြလို့ ဟုတ်ကြောင်းပြောတော့ အားလုံးကဝိုင်းလက်ခုပ်တီးပြီးအားပေးကြတယ်။ တချို့က kiss kiss ဆိုပြီးဝိုင်းအော်ကြလို့ နမ်းပြလိုက်ရသေးတယ်။ တကယ့်ကိုကြည်နူးနှစ်ခြိုက်စရာအခိုက်အတန့်လေးရယ်။ ခုလည်းသမီးကဘာအဆောင်အယောင်အပိုအလုပ်တွေမှလုပ်ချင်ပဲကျနော်တို့လို ဘယ်သူ့ကိုမှဂရုမစိုက်ကိုယ်လုပ်ချင်တာကိုပဲဦးစားပေးလုပ်နေပြီလေ။
သမီးကိုမွေးစကတည်းက တုန်နေအောင်ချစ်ခဲ့မိတယ်။ ဒါကြောင့် စိမ့်စိမ့်ကိုချစ်စနိုးနဲ့ခေါ်တဲ့နိုးနိုးဆိုတဲ့နံမည်ကိုငယ်ငယ်ကပေးခဲ့ဘူးတယ်။ မှတ်မိသေးတယ်သူ ၄နှစ်သမီးအရွယ်လောက်က ဈေးဆိုင်တခုမှာ ရှော့ပင်းထွက်နေတုန်း သမီးကို ပိုက်ဆံမရှင်းရသေးပဲ တစ်ယောက်တည်းမုန့်စားနေတာတွေ့တော့ တိတ်တိတ်လေးခိုးစားနေတယ်ထင်ပြီးရိုက်လိုက်မိတယ်၊ မေးတော့လည်းဘာမှမပြောပဲကျနော့်ကိုစိုက်ကြည့်နေတာလေ။ သမီးငိုသံကြားတော့စိမ့်စိမ့်တို့ရောက်လာတော့မှစိမ့်စိမ့်သူငယ်ချင်းကပေးလို့စားနေမှန်းသိရတယ်။ ရိုက်မိတဲ့သမီးကိုကောက်ချီပြီးချော့တော့လုံးဝလက်မခံ။ အတင်းရုန်းထွက်ပြီး အဖေနဲ့ဝေးရာထွက်ပြေးသွားတယ်။
သူ ကျောင်းမနေခင်ကကျနော်တို့နဲ့အိမ်မှာမြန်မာလိုပဲပြောပါတယ်။ ကျောင်းတက်တော့ သူကျနော်တို့ကိုမြန်မာလိုမပြောတော့၊
ကျနော်တို့ကသူမြန်မာလိုပြောအောင်တင်းကြပ်ပေမဲ့သူလက်မခံ ကျနော်တို့ကမြန်မာလိုမပြောရင်တောင်းဆိုမှု့တွေဘာမှမလုပ်ပေးဆိုတော့ဘာမှမတောင်းဆိုတော့ပါ။
အဲ့ဒီကတည်းကဘာမှမတောင်းဆို၊ ဘာအခက်အခဲကိုမှသိပ်မပြောပြတော့တဲ့ရေငုံနှုတ်ပိတ်အကျင့်ဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ပဲလက်လျော့ပေးခဲ့ရပါတယ်။
ငယ်ငယ်လေးထဲကအဲ့လောက်စိတ်ကြီးတဲ့သမီး။ သူအထက်တန်းကျောင်းတက်နေချိန်
သူလုပ်ချင်တာကိုဇွတ်လုပ်ခဲ့တုန်းက ကျနော်စိတ်ဆိုးဆိုးနဲ့သမီးကိုမှတ်မှတ်ရရစကားတခွန်းပြောခဲ့ဘူးပါတယ်။
မိဘတွေကိုစာနာနားလည်ဖို့ကိုယ်တိုင်အိမ်ထောင်ပြု၊ သားသမီးယူလို့လေ။
ခုတော့ဝေးတထက်ဝေးရာအမြင့်ပျံသန်းဖို့တောင်ပံတဖြတ်ဖြတ်ခတ်လေပြီ။
သမီးရေ ပျံနိုင်သမျှပျံပါ။ လုပ်ချင်တာကိုဖြစ်အောင်လုပ်ပါ။ ဒါပေမယ့် ကိုယ်လုပ်ချင်တာဟာ
ကောင်းမွန်သင့်လျော်တဲ့အလုပ် ဖြစ်ဖို့တော့လိုပါတယ်။ အဲ့လိုကောင်းမွန်သင့်လျော်တဲ့အလုပ်ဆိုတာ
ဆုံးဖြတ်နိုင်စွမ်းရှိဖို့ အသိပညာရှိဖို့လိုပါတယ်။ သမီးအတွက် အဲ့ဒီအသိတွေရနိုင်တဲ့
အသိညဏ်ပညာတွေ အတွေးအခေါ်တွေထက်မြက်ပါစေလို့ စုတောင်းပေးပါတယ်။ မိမိ မိသားစုအသိုင်းအဝိုင်းသာမက
လောကကိုအကျိုးပြုနိုင်တဲ့သမီးကောင်းရတနာဖြစ်ပါစေလို့စုတောင်းပေးပါတယ်။ သမီးဟိုးအမြင့်ဆုံးကိုရောက်အောင်ပျံပါ။
ပြီးရင် ကိုယ့်ထက်မပျံသန်းနိုင်တဲ့သူတွေကိုကိုယ့်လိုပျံသန်းနိုင်အောင်ကူညီပါ။ လောကမှာဝေဟင်မှာမွေးလာပါရဲ့နဲ့တောင်ပံကျိုးနေသူတွေတပုံကြီးသမီးရေ။
My
daughter is going to fly away. Last about couple week, she and her boyfriend
come and talk to us that they want to marry. They are going to marry coming May
9.
My daughter
finished computer science last year and she got the boyfriend who is computer engineering
from her school. We have being hanging out with them friendly a long time ago.
They already finished school and he also got the job with his major so, they
can livable their self without worry. My daughter said she don’t want to make
wedding celebration. They only want to do married certificate. We are ok for
that. For me, I like that way now. Because, while so many people crying for
hungry and have being burned house on my mother land, I don’t want to ignore
that and spend a lot of money on other.
When
she also graduated, she doesn’t want to attend convocation too. She wants to
cut off any extra work, what she thinks that’s not necessary like me. And she
doesn’t care anyone what she do. When she was infant, I called her Noe Noe
named that I called my wife lovely. Before she go to school, she speak Burmese
with us. But, after she go to school, she don’t want talk to Burmese with us.
So, we force her to talk any request we don’t do for that without saying
Burmese. Then, she never asked what she wants since kindergarten. Finally, we
give up her what we want that talking Burmese to us. Anyway, she already has that silent behavior
habit.
One
thing never going out from my head, that is, when she was about 3 to 4 years
old, we shopping to the market. I saw she was eating some food alone. I though
she is eating from the shelf without pay. When I asked her, she didn’t say
anything and staring at me. So I beat her with my hand. When I realize she eat
that her mom’s friend gave it to her, I soothed her to calm down by hugging.
She doesn’t accept it and ran away from me. She usually have anger manner since
she was young and she used to do the silent treatment to us. I hope she
understand to parents one day that we just worry about they do something wrong.
She likes to do what she wants without care to anyone. I had been talked to her
distinctly with my anger “you do married and get children in the future to know
well about parents.”
Now, she is
ready to fly away to the sky. Please, be flying high, then, do what you
want. But, you need knowledge and good
thinking to know what you doing is right for you and your surrounding. Be brave
and courage to fly and help people who need help to fly like you for living.
You know so many people had broken wing to fly even they born in the air.
Father of bride ရုပ်ရှင်ထဲက ဖခင်တွေရဲ့ ခံစားမှုလိုပါဘဲ။
ReplyDeleteဟုတ်တယ်ကိုမျိုးအေးရေ ဖခင်တွေနဲ့သမီးတွေခံစားမှု့က ကွာခြားမှု့ရှိတယ် ညှိရနည်းနည်းခက်တယ်
Deleteအဖေနဲ.တူတဲ.သမီးလေး
ReplyDeleteဘဝတလျောက်လုံး သာယာချမ်းမြေ.ပါစေ။
ကျေးဇူးပါနော်
Deleteသဘာဝပါပဲကိုသက်ရေ။ လင့်ကျင့်ဝတ် မယားကျင့်ဝတ် ကျေပြွန်နိူင်ကြပါစေ။ ဘဝအတက်အကျကိုလက်တွဲပြီးဖြေရှင်းနိုင်ကြပါစေ။ တယောင်နှင့်တယောက်အပေးယူမျှတစွာနဲ့ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ
ReplyDeleteစိတ်ချမ်းသာကိုယ်ကျန်းမာအသက်ထက်
ဆုံးလက်တွဲနိူင်ကြပါစေ🙏😊
ဟုတ်ကဲ့ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏
Delete