အချက်ပေး ခေါင်းလောင်းသံ

 မနေ့ညကကျနော်နဲ့စိမ့်စိမ့်နဲ့ခရီးတခုထွက်ကြတယ်။ ကျနော်တို့အဲ့ဒီခရီးမှာကြည်နူးစရာတွေကော စိတ်ရှုတ်စရာတွကောတွေ့ကြုံခဲ့ကြတယ်။ သူနဲ့ကျနော်လမ်းခရီးနဲ့ပတ်သတ်လို့ အငြင်းအခုံ၊ အနည်းငယ်ဖြစ်ပြီး ကတောက်ကဆဖြစ်ကာ ကျနော့်ရှေ့ကသူပျောက်သွားပါတယ်။ ကျနော်သူ့ကို‌‌နေရာအနံ့လိုက်ရှာသာ်လည်းမတွ့‌တော့။ ကျနော်သူ့ကိုလိုက်ရှာရင်း တဖြည်းဖြည်းနဲ့ ကျနော်မတွေ့ဘူး၊ မကြုံဘူး တဲ့မြင်ကွင်းမျိုးတွေကိုတွေ့လာရပါတယ်။လူနေအိမ်ခြေတွေလည်းမတွေ့ရတော့တာကြောင့် ငါအိမ်ပြန်သင့်ပြီလိုယူဆရင်းလူတစ်‌ယောက်ကို‌လေယာဉ်ကွင်းဘယ်လိုသွားရသလဲလို့မေးကြည့်ရပါတယ်။ သူကကျနော့ကိုအံ့ဩထူးဆန်းစွာကြည့်ရင်း ဒီမှာလေယာဉ်ကွင်းမရှိဘူးလို့ပြောပါတယ်။ ကျနော်လည်း ဒါဆိုဒီမြို့ကဘာမြို့လည်းလို့ပြန်မေးမိပါတယ်။ သူက ဒီနေရာက လကမ္ဘာလို့ပြောပြီးချက်ချင်းထွက်သွားပါတယ်။ ကျနော်အံ့ဩတုန်လှုပ်ပြီးငါဘယ်လိုဒီကိုရောက်လာပါလိမ့်ဆိုတဲ့အတွေးနဲ့ မိုးကောင်းကင်ကိုမော့ကြည့်လိုက်မိပါတယ်။ ကျနော့်ရှင်သန်ကြီးပြင်းခဲ့ရတဲ့ ကမ္ဘာ‌ကြီး ကဘယ်ရောက်လို့ဘယ်နေမှန်းမသိ။ ကောင်းကင်ကြီးရဲ့ဘေးတဘက်မှာတော့ဘယ်ကနေအစပေါ်ထွက်လာမှန်းမသိတဲ့ကြီးမားကျယ်ပြန့်လွန်းတဲ့ကျောက်ဆောင်တန်းကြီးတခုကလေပေါ်မှာတည်ဆောက်ထားသလိုကျနော့်ကိုပိုင်ပိုင်စိုးစိုးအုပ်မိုးထားပြီး အခြားတဘက်မှာတော့ အဆုံးအစမရှိတဲ့လောကကာင်းကင်ကြီးကို မျက်ဝါးထင်ထင်တွေ့မြင်နေရပါတော့တယ်။ ချက်ချင်းပဲကျနော့်စိတ်ထဲမှာ ကြေကွဲစွာအထီးကျန်ခြင်းနှင့်အတူ ခွဲခွာခြင်း‌ဝေသနာကိုတပြိုင်တည်း စူးစူးနစ်နစ်ခံစားလိုက်ရပါတယ်။ ကျနော် သတိရလိုကြည့်လိုက်တော့ ကျနော့်ဘဝလက်တွဲဖော်ဇနီးစိမ့်စိမ့်က ဘေးမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလျက်။ ကျနော်အိမ်မက်ကနိုးပြီးသည့်တိုင် အိမ်မက်ထဲကမိမိကိုအုပ်မိုးထားတဲ့ကျောက်ဆောင်ကြီးနဲ့မိုးကောင်းကင်မြင်ကွင်းကထင်းထင်းကြီးကျန်ရှိနေပါတယ်။ ကျနော်အိမ်မက်မက်ပြီးတိုင်းစိတ်ထဲဘာမှမကျန်ခဲ့တတ်‌ပေမည့် ဒီတစ်ခါတာ့အတွေးပေါင်းများစွာကျန်ရှိနေခဲ့ရပါတယ်။

ငါမိသားစုအပေါ်တာဝန်ကျေပြီလားဆိုတဲ့အတွေး၊ ကိုယ်မွေးဖွားခဲ့တဲ့အမိမြေအတွက်ကော ငါဘာတွေလုပ်ပေးပြီးပြီလဲဆိုတဲ့အတွေးတွေပါ။ ကျနော်တို့တွေတနေ့နေ့တချိန်ချိန် တနည်းနည်းနဲ့ခွဲခွာကြရမှာပါ။ မခွဲခွာခင်၊ လုပ်သင့်တာတွေလုပ်ထားရတော့မှာပါ။ ကျနော့်ကိုခုအိမ်မက်ကအချက်ပြခေါင်းလောင်းထိုး၊ လှုပ်နှိုးလိုက်သလိုပါ။ ကျနော့်အတွေးဘယ်လောက်အထိကျယ်ပြန်သွားသလဲဆို ကျနော်အမိမြေပေါ်မှာ ဆိုးဝါးစွာပိတ်လောင်ကြီးပြင်းလာခဲ့ရခြင်းကနေ ဖောက်ထွင်းတော်လှန်ခဲ့ကြတာ တာဝန်မကျေသေး။ ကိုယ်ကလှောင်အိမ်ထဲကလွတ်မြောက်လာပေမဲ့ပိတ်လှောင်ခံထားရသူတွေရှိနေဆဲ၊ ဆိုးဆိုးဝါးဝါးဒါဏ်ခတ်ခံရသူတွေရှိနေဆဲ။ ဆူဒန်အငတ်ဘေးမှာ ဓာတ်ပုံ (အစာငတ်ပြီးသေတော့မယ့်မိန်းကလေးငယ်ကို လင်းတတစ်ကောင်ကစားဖို့စောင့်နေတဲ့ဓာတ်ပုံ) ရိုက်ပြီး နာမည်ကြီးခဲ့တဲ့ တောင်အာဖရိကဓာတ်ပုံဆရာကီပင်ကာတာလို ကလေးကိုမကူညီနိုင်ပဲ သူ့ဓာတ်ပုံအတွက်ပဲအလုပ်လုပ်ခဲ့တဲ့ လူလင်းဒတစ်ကောင်တော့အဖြစ်မခံနိုင်။ ကျနော်တို့ကိုတသက်လုံး ဝါးလုံးခေါင်းထဲထည့်တွင်းနေထိုင်စေခဲ့တဲ့စစ်ခွေးဘီလူးတွေကို အပြီးတိုင်အမြစ်ဖြတ်အဆုံးသတ်သွားဖို လက်ရှိလုပ်နိုင်တဲ့အခြေအနေမှာ တာဝန်ကျေအောင်လုပ်မှကိုဖြစ်မှာပါ။ ဆန့်သောလက်မကွေးမှီ၊ ကွေးသောလက်မဆန့်မှီ တချိန်ချိန်မှာ ဘယ်လိုမှမျော်မှန်းလို့မရနိုင်တဲ့ အခြေအနေမျိုးတွေမဖြစ်ပေါ်လာမှီ ကျနော်တို့ တစ်ဦးတိုင်းတစ်ယောက်တိုင်းတာဝန်ကျေကြရအောင်ပါ။

No comments:

Post a Comment