သစ်ခွပန်းကိုဘယ်လိုကြာရှည်ခံအောင်လုပ်မလဲ


သစ်ခွကိုပြုစုမှု့ကောင်းရင်ကောင်းသလိုသစ်ခွပန်းကသစ်ပင်မှာကြာရှည်နေနိုင်ပါတယ်။ စျေးတိုင်းလိုလိုမှာရနိုင်တဲ့ Moth ( phalaenopsis) orchid မျိုးဟာ ၃လလောက်အထိပွင့်နိုင်ပါတယ်။ အဓိကကတော့ အပင်အတွက်လိုအပ်တဲ့အခြေအနေကိုဖန်တည်းပေးဖို့ပါပဲ။
Humidity: လေထုထဲမှာရှိတဲ့ စိုထိုင်းစ ကိုသိရပါမယ။် သစ်ခွတော်တော်များများက စိုထိုင်းစ ၄၀% ၅၀% ကိုနှစ်သက်ကြပါတယ်။ Moth orchid ကတော့ အနည်းဆုံး စိုထိုင်းစ ၅၀% ထားသင့်ပါတယ်။ စိုထိုင်းစနည်းနေတယ်ဆိုရင်တော့ ခပ်သေးသေး humidifier ကိုအပင်နားမှာထား ပေးတာမျိုး ဒါမှမဟုတ်ခွက်သခုကိုကျောက်ခဲအနဲငယ်နဲ့ရေဖြည့်ပြီးအပင်နားမှာထားပေးပြီးရေငွေ့ပြန်စေတာမျိုး လုပ်နိုင်ပါတယ််။ သစ်ခွပင်နားမှာ အခြားသော House plants အနည်းငယ် ထားပြီး အသေးစား tropical environment အုပ်စုလေးတခုကိုဖန်တည်းပေးခြင်းအားဖြင့်လည်း သူတို့ရဲ့ပတ်ဝန်းကျင်လေထုကိုလန်းဆန်းစိုပြေစေပါတယ်။ စိုထိုင်းစများလွန်းရင်လည်း မှိုတက်နိုင်ပါတယ်။ မှိုမတက်အောင်တခါတခါ neem oil လိုပိုးသတ်ဆေးနဲ့ပတ်ဖြန်းပေးသင့်ပါတယ်။
Light: moth သစ်ခွအပါအဝင်သစ်ခွတော်တော်များများဟာနေရောင်တိုက်ရိုက်ကျတာမနှစ်သက်ပါ။ ဒါပေမဲ့အလင်းရောင်တော့လိုပါတယ်။ အပင်ကို ပြူတင်းပေါက်နားတို့ မီးလုံးမီးချောင်းအောက်တို့မှာနေရာပေးသင့်ပါတယ်။
Temperature: Moth သစ်ခွဟာ မပူလွန်းမအေးလွန်းတဲ့ရာသီကို နှစ်သက်ပါတယ်။ နေ့ခင်းပိုင်းမှာ ၇၀ ၈၀ ဒီဂရီဖာရင်ဟိုက် (21 to 27C)  အတွင်းမှာဖြစ်သင့်ပြီးတော့ ညပိုင်းမှာတော့ ၆၀ နဲ့ ရဝဒီဂရီဖာရင်ဟိုက် (15 to 21C) အတွင်းမှာ ရှိနေသင့်ပါတယ်။ ၈၅ ဒီဂရီဖာရင်ဟိုက်  (30C) ကျော်နေပြီဆိုရင်တော့ အပွင့်တင်မကအပင်ကိုပါထိခိုက်နိုင်ပါတယ်။
Watering: သစ်ခွပင်ဟာတခြားအပင်တွေလို နေ့တိုင်းရေမလောင်းသင့်ပါ။ သစ်ခွအိုးထဲမှာရေလုံးဝခြောက်သွားမှ ရေပြန်လောင်းသင့်ပါတယ်။ ဒါကြောင့်အပူချိန်တို့ စိုထိုင်းစတို့အခြေအနေပေါ်မှုတည်ပြီး တပတ်တကြိမ် ဒါမှမဟုတ်တပတ်နှစ်ကြိမ် သာရေလောင်းသင့်ပါတယ်။
အပွင့်ပြန်ပွင့်အောင်
Moth သစ်ခွဟာဆောင်းရာသီမှာပွင့်လေ့ရှိပါတယ်။ သစ်ခွရဲ့သဘာဝအရ ညအပူချိန် 52-58F (12-14C) ရောက်တဲ့အခါ ရာသီရဲ့အအေးဓာတ်က သစ်ခွကို ဓာတ်သဘာဝပြောင်းလဲလိုက်စေပါတယ်။ အဲ့ဒီအခါမှာ flower spike ကို ဖန်တည်းဖြစ်ပေါ်စေပြီးအပွင့်ပွင့်စေတာပါ။ ဒါကြောင့်အဲ့လိုအပူချိန်မျိုးကိုထပ်မံဖန်တည်းပေးနိုင်ရင် အပွင့်ထပ်ပွင့်နိုင်ပါတယ်။ ဒါကြောင့်အပွင့်ညိုးသွားလည်းအရိုးတန်ကိုအဆုံးအထိမဖြတ်ပဲဆက်လက်ထားရှိနိုင်ပါတယ်။ အဲ့ဒီအချိန်မှာအလင်းရောင်ကိုတော့ဆက်တိုက်ရနေဖို့လိုပါတယ်။ တနှစ်ပတ်လုံးမှန်ကန်တဲ့ မြေသြဇာထည့်ခြင်းရေလောင်းခြင်းတွေကလည်း အချိန်တန်ရင်အပွင့်ပွင့်နိုင်ဖို့ တွန်းအားတွေဆိုတာမမေ့ပါနဲ့နော်။
သစ်ခွဟာအပူအအေးချက်ချင်းပြောင်းလဲလိုက်တာမျိုးကိုမခံနိုင်ပါဘူး။ ဒါကြောင့်သစ်ခွကိုဆိုင်ကဝယ်လာတဲ့အခါ ဖြစ်ဖြစ်နေရာပြောင်းတဲ့အခါမျိုးဖြစ်ဖြစ် ချက်ချင်းကြီးအပူချိန်မကွာခြားအောင်ဂရုစိုက်သင့်ပါတယ်

No comments:

Post a Comment