အမှန်တရားရှာဖွေရအောင်

အမှန်တရားရှာဖွေရအောင်
ကေသမုတ္တိ သုတ်
ယုံမှားသင့်သည်ကိုယုံမှားနိုင်ရာ၏။ ထပ်ခါတလဲလဲပြောသံကြားရုံနှင့် ဟုတ်ပြီမှန်ပြီဟုမယုံလေနှင်။့ အစဉ်အဆက်ကကြားဘူးရုံနှင့် သတင်းစကားကြားဘူးရုံနှင့် မယုံလေနှင့်။ မိမိကိုယ်တိုင် ၎င်းသည် မကောင်း သောအရာဖြစ်သည် မှားယွန်းသည်ဟု သိရှိသောအခါ စွန့်လွှတ်၍ မိမိကိုယ်တိုင် ကောင်းသော အရာကို သိရှိ လာသောအခါတွင်မှ လက်ခံပါလေ။
စိုးရိမ်ကြောက်ရွံ့ခြင်းမှဖောက်ပြားခြင်းသို့
လူတို့အား အဂတိလိုက်စားဖောက်ပြားစေသည်မှာ အာဏာမဟုတ် စိုးရိမ်ကြောက်ရွံ့ခြင်းပင်ဖြစ်သည်။ အာဏာ လက်လွတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်ကိုင်ထား သူတို့အား ဖောက်ပြားစေပြီး အာဏာ၏ ဒဏ်ချက်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်အောက်ခံတို့အား ဖောက်ပြားစေသည်။
မြန်မာအများစုတို့အကျွမ်းတဝင်ရှိလာကြသောအဂတိတရားလေးပါး
ဆန္ဒာဂတိ ။   ။ အလိုဆန္ဒကြောင့် ဖောက်ပြန်မှူ့။  တံစိုးလက်ဆောင်များ လိုချင်၍၎င်း မိမိချစ်ခင်သူများ အကျိုး အတွက် မှန်ကန်သောလမ်းကြောင်းမှ သွေဖီသွားခြင်း။
ဒေါသာဂတိ ။   ။ မိမိမုန်းသူများကိုရန်ငြိုးလုပ်လိုသဖြင့်လမ်းမှားတို့ရောက်ရှိသွားခြင်း။
မောဟာဂတိ ။   ။ မသိနားမလည်မှူ့ကြောင့်ဖောက်ပြန်သွားခြင်း။
ဘယာဂတိ    ကြောက်ရွံ့မှူ့ကြောင့် ပျက်စီးခြင်း။
          ဘယာဂတိသည် အမှားအမှန်ဝေဖန်ပိုင်းခြါးနိုင်သည့် စွမ်းအားကို နစ်မွန်းအောင်တဖြေးဖြေး ပျက်ပြား စေသည့်အပြင် အခြားအဂတိသုံးပါး ဖြစ်ပေါ်စေနိုင်သော မူလအရင်းအမြစ်လည်း ဖြစ်သည်။ ချို့တဲ့မည်ကို ကြောက်ရွံ့ခြင်း၊ မိမိချစ်ခင်သူများ၏ မေတ္တာစေတနာဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်းသည် ဆန္ဒာဂတိကို ဖြစ်ပေါ်စေ သကဲ့သို့ မိမိထက်သာသွားမည်ကို ကြောက်ရွံ့ခြင်း၊ အနှိမ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ နစ်နာမည်ကို ကြောက်ရွံ့ခြင်း၊ စသည်တို့ကလည်း ဒေါသာဂတိကို ဖြစ်ပေါ်စေပါသည်။ ကြောက်ရွံ့မှူ့ အချုပ်အနှောင်မှ လွတ်ကင်းစွာ အမှန်တရားကို လွတ်လွတ်လပ်လပ် မရှာနိုင်မခြင်း မောဟကို ဖယ်ထုတ်ရန် ခက်ခဲမည် ဖြစ်ပါသည်။ ကြောက် ရွံ့မှူ့နှင့် ဖောက်ပြန်မှူ့တို့သည် အလွန်နီးကပ်စွာ ဆက်သွယ်နေသဖြင့် နေရာအနှံ့အပြား၌ ကြောက်ရွံ့ နေရသော လူ့အဖွဲ့ အစည်းတိုင်းတွင် ဖောက်ပြန်မှုမျိုးစုံတို့သည် နက်ရိုင်းစွာ အခြေစိုက်လာပါသည်။
ဗိုလ်ချုပ်ပြောတဲ့ဒီမိုကရေစီ
လွတ်လပ်စွာဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့်၊ စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ကိုးကွယ်လိုရာဘာသာကိုးကွယ်ခွင့်၊ တရားနှင့်မညီသောအဖမ်းအဆီး အချုပ်အနောင်မှ ကင်း လွတ်ခွင့်၊  ကိုယ်ရေး လွတ်လပ်ခွင့်၊ ကိုယ့်အိမ်ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောက်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ဆေးဝါးကုသနိုင်ခွင့်၊ အလုပ်သမား လယ်သမားများရဲ့ အနည်းဆုံး အခွင့်အရေး များကို အစိုးရက စောက်ရှောက်ပေးရေး၊ တိုင်းပြည်တွင် တိုင်းရင်းသား လူမျိုးတိုင်း ကိုယ့်ဘာသာကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှူ့အတိုင်းဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကျေး ရံပုံငွေ အစရှိသည်တို့ကို အစိုးရက ထား၍ အိုမင်း ဖျားနာ ထိခိုက်နာကျင်ပြီး အလုပ်လုပ်ချင်သော်လည်း အလုပ်မရှိသော အသက်မွေးဝမ်းကျောင်း မပြုနိုင်သူများသည် အစိုးရ၏ အထောက်အပံ့များကို ရရှိခွင့် စတဲ့ ဒီမိုကရေစီ အခွင့်အရေးမျိုးတွေရရှိရမယ်။

အောင်ဆန်းလမ်းစဉ်
မတရားတဲ့အမိန့်အာဏာဟူသမျှဖီဆန်တာ၊ ပြည်သူလူထုရဲ့ လွတ်လပ်မူ့အခွင့်အရေးတွေကို ချုပ်ချယ်တဲ့ အမိန့် အာဏာများဖီဆန်တာ၊ အောင်ဆန်းလမ်းစဉ်ပဲ။ အောင်ဆန်းလမ်းစဉ်ကို လမ်းစဉ်တခုရယ်လို့ မသတ်မှတ်ပဲ အ ကောင်းဆုံးကိုတချိန်လုံး အဖြေရှာနေရမဲ့ လမ်းစဉ်ဖြစ်တယ်။ ဒါပေမဲ့ လမ်းစဉ်တွေအားလုံးမှာ တူညီတဲ့သဘော တခုရှိတယ်။ လမ်းစဉ်တိုင်း လမ်းစဉ်တိုင်းဟာ နိုင်ငံအကျိုးအတွက် အများအကျိုးအတွက် ဦးတည်ပြီးတော့ ခင်းရမယ်။ အဲ့ဒါဟာ အောင်ဆန်းလမ်းစဉ်ပဲ။
လောကမှာရှိရမဲ့ ၂ခုတည်းသောအကြောက်တရား
ကလေးတွေကို ဘာကိုမှမကြောက်ပါစေနဲ့။ သူတို့ကြောက်ဖို့ရာ နှစ်ခုပဲရှိတယ်။ မတရားတဲ့ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ကိစ္စကိုလုပ်ဖို့ကြောက်ရမယ်။
အာဏာရှင်စနစ်ဖြေစ်ပေါ်လာရတဲ့အကြောင်းရင်းတရပ်
မှန်ကန်တဲ့စနှစ်တခုဖြစ်ဖို့ရာ ကိုယ်လိုချင်တဲ့ခေါင်းဆောင်တွေကို ကိုယ်တိုင်ဖော်ထုတ်ရမယ်။ အားလုံးက လိုချင်တဲ့ပုံစံသွင်းယူရမယ်။ ကိုယ်လိုချင်တဲ့ပုံစံကိုယ်မသွင်းလို့ရှိရင် ခေါင်းဆောင်လုပ်တဲ့သူများက သူတို့ လိုချင်တဲ့ပုံသူတို့သွင်းသွားလိမ့်မယ်။
(Freedom from fear (အောင်ဆန်းစုကြည်) မှကောက်နှုတ်ဖော်ပြသည်)

No comments:

Post a Comment