Halloween ပွဲတော်

     နွေရာသီကာလကျော်လွန်လာတော့မည်မို့ (Halloween) နေ့ရောက်လာပြန်ပါပြီ။ အဲ့ဒီနေ့မှာ ကလေးတွေ ချိုချဉ်မျိုးစုံရကြတော့ သူတို့ပျော်ကြရပါတယ်။ ပြီးတော့သူတို့နှစ်သက်ရာ စိတ်ကူးယဉ်ဇာတ်ကောင်ရဲ့ ဝတ်စုံတွေဝတ်ပြီး ကိုယ်တိုင်ဝင်စားသရုပ်ဆောင်နိုင်ကြပါတယ်။ အမှန်တကယ် စာလုံးက All Hallows’ Eve (All Saint’ Eve) ပါ။ ဆိုလိုတာက the evening before All Hallows' Day လို့ဆိုလိုခြင်းပါ။ တကယ်တော့ ဟော်လဝင်ဆိုတာ ရှေးယခင် Roman Catholic တွေရဲ့ဘာသာရေးနေ့ ဖြစ်ပါတယ်။ 

    BC 1200 လောက်က ဥရောပနိုင်ငံတွေဖြစ်တဲ့ Britain, Ireland, France နဲ့ Spain စတဲ့ နိုင်ငံတွေမှာစတင်နေထိုင်ကြတဲ့ Celt လူမျိုးတွေက သေပြီးလူတွေကို မှန်းဆပြီး Samhain (a Gaelic word pronounced “sow-win”) ဆိုတဲ့ဘာသာရေး ပွဲတော်ဖြင့် ကောင်းချီးပေးခြင်းပါ။ သူတို့တွေကသေလူတွေဟာ နွေရာသီကုန်ဆုံးပြီး မြူနှင်းတွေကျနေတဲ့ မှုန်ဝါးဝါးရာသီမျိုးမှာ သေလူတွေရဲ့ဝိညာဏ်တွေ ပြန်လာကြတယ်လို့ယုံကြည်ကြပါတယ်။ အေးခဲလွန်းလှတဲ့ရာသီမျိုးမှာ စိုက်ခင်းတွေကသေကျေပျက်စီးကြတာနဲ့အတူ လူတွေတိရစ္ဆာန်တွေလည်း သေကြေပျက်စီးကြရပါတယ်။ ဒါကိုသိတဲ့ Celt လူမျိုးတွေက အမှောင်ဖုံးထားတဲ့ ဆောင်းရာသီကာလကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ဖို့ အေးခဲရာသီမကျရောက်မှီ စိုက်ပျိုးသီးနှံများ၊ တိရစ္ဆာန်များကိုမီးပုံရှို့ပြီး ပူဇော်ပသကြပါတယ်။ သူတို့ကိုယ်တိုင်လည်း တိရစ္ဆာန် အဝတ်အစားတွေဝတ်ဆင်ပြီး ပူဇော်ပသလေ့ရှိပါတယ်။ တချို့ကလည်း ဝိညာဉ် တွေကအဲ့ဒီအချိန်မှာ ကမ္ဘာမြေကိုပြန်လာပြီး အစာတောင်းရမ်းကြတယ်လို့ ယူဆကြပါတယ်။ နောက်ပိုင်းမှာလူတွေကလည်း ပွဲတော်လုပ်တဲ့သူတွေကို ပံ့ပိုးပေးတဲ့အနေနဲ့ အစားအစာများကျွေးကြပါတယ်။ အနောက်နိုင်ငံတွေမှာအေးခဲလာချိန် ခရစ်စမက်မရောက်မှီ ကျင်းပကြပါတယ်။ Ireland, United Kingdom နဲ့ France နိုင်ငံတွေမှာတော့ နိုဝင်ဘာ၁ရက်နေ့မှာကျင်းပပြီး အမေရိကန်နဲ့ တချို့နိုင်ငံတွေမှာတော့ အောက်တိုဘာ၃၁ ရက်နေ့မှာကျင်းပကြပါတယ်။ နောက်ပိုင်းအချိန်တွေကြာလာတာနဲ့အမျှ ဘာသာရေးအနှစ်သာရတွေပျောက်ပြီး လူငယ်တွေရဲ့ပျော်ပွဲရွှင်ပွဲဖြစ်လာပါတယ်။ အမေရိကန်နဲ့ကနေဒါမှာ ၁၉၄၀လောက်က လူငယ်တွေ ကိုယ်နှစ်သက်ရာ ကာရိုက်တာ ဝတ်စုံတွေဝတ်၊ တအိမ်ဝင်တအိမ်ထွက် Trick or Treat လို့ပြောပြီး ချိုချဉ်တောင်းရမ်းတဲ့ဓလေကို ပြုလုပ်လာခဲ့ပါတယ်။ သားတုန်တုန်လည်း ဟော်လဝင်နီးလာပြီဆိုရင် ရုပ်ရှင်ထဲကသူနှစ်သက်ရာ custome တွေအတင်းဝယ်ခိုင်း နီးစပ်ရာအိမ်တွေကို Trick or Treat လုပ်ပါတော့တယ်။ ဒီနှစ်တော့ ကိုဗစ်ကြောင့်လုပ်နိုင်ကြတော့မည်မဟုတ်ပါ။ ကျနော့်သား အရင်ဟော်လဝင်တချိန်တုန်းက သူ့ သူငယ်ချင်းတွေနဲ့အတူ ပြောင်နောက်စပ်ဆိုထားတဲ့ သူတို့ဆိုခဲ့ဘူးတဲ့ ကဗျာလေးကိုသတိယနေမိပါတယ်။

Trick or treat, smell my feet.
Give me something good to eat.
If you don’t, I don’t care.
I will pull your underwear.
ကဲ ကလေးတွေအတွက်ပျော်စရာမကောင်းဘူးလား။

Image may contain: one or more people, night, fire and outdoor

No comments:

Post a Comment