လောင်းရိပ်

လောင်းရိပ်

ကျနော်တို့ဟာ လောင်းရိပ်အောက်မှာ မွေးဖွားကြီးပြင်း ခဲ့ရတာပါ။ သစ်ပင်ပန်းမာလာပဲဖြစ်ဖြစ် လူသားတွေပဲ ဖြစ်ဖြစ် လောင်းရိပ်အောက်မှာ ကျရောက်နေရရင် လန်းဆန်းတက််ကြွမှူ့တွေ ကင်းမဲ့နေပြီး တာင်ကျိုးငှက် တကောင်လို အရာရာကို ထိပ်လန့် ကြောက်ရွံ နေရမှာပါပဲ။ လောင်းရိပ် ကြီးမားရင် ကြီးမား သလောက် ဆုံးရှုံးမှူ့တွေ ကြီးမားကြရ မှာပါပဲ။ အရာရာကို စိုးရွံ့ ကြောင့်ကျ မူ့တွေ အားငယ် ညိုးနွမ်း စိတ်တွေတာ အစဉ်စိုးမိုး နေတော့မှာပဲ မဟုတ်လား။ တကယ်တန်းလည်း ကျွန်နော်တို့ဟာ လူတွေနဲ့ ပတ်သက် လာရင် စိုးရိမ်ပူပန်မှု့တွေ အမြဲရှိတက်ပါတယ်။ စကားတခွန်း ပြောဖို့အရေး ချင့်ချိန်နေရတာနဲ့ စိုးရိမ်နေရတာနဲ့ ဘယ်တော့မှ ကိုယ်လိုရာ ဖြစ်ဖြစ်မြောက်မြောက် မပြောဖြစ်ခဲ့ပါ။ လူဆိုတဲ့သူကလည်း အားနဲချက်ကို ဖိလေ့ရှိတက်သူ မြေနှိမ့်ရာ လှံစိုက်ချင်သူကများများမို့ ကျနော်တို့တွေလူတွေနဲ့ ခပ်ဝေးဝေး မှာပဲ နေတက်တဲ့ အကျင့်လေးတွေ ရှိလာခဲ့ပါတယ်။ လူတွေနဲ့ ဝေးလေ ပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းလေမို့ ပိုလို့တာ မပြောတက် မဆိုတက် ဖြစ်လာခဲ့ ရပါတယ်။ ဒါတွေဟာ ကျနော်တို့အပေါ် တချိန် လုံး ကျရောက်နေခဲ့တဲ လောင်းရိပ်ရဲ့ ဆိုးကျိုးတွေပဲ မဟုတ်ပါလား။ မိသားစု တခုဖြစ်ဖြစ် အဖွဲ့အစည်း တခုဖြစ်ဖြစ် ဦးစီးဦးဆောင်သူကိုယ်တိုင် လောင်းရိပ်ဖန်တီးသူ ဆိုပါလျှင် လောင်းရိပ်အောက်တွင်း အသက်ရှင်နေထိုင်ရသူတို့အဖို့ ဗလာနတ္တိဆိုဖွယ်ရာ မရှိတော့ပါ။
အိမ်ထောင်ဦးစီးဆိုတဲ့ ခေါင်းစီးနဲ့အာဏာရှင်ဆန်ဆန် ကျနော်တို့အပေါ် ပိန်းမှောင်နေသော လောင်းရိပ်ဆိုးကြီးကို အနီးကပ်ဆုံး အုပ်မိုးထားသူမှာ ကျနော်တို့ရဲ့ဖခင် ကိုယ်တိုင်ပါ။ သူကိုယ်တိုင် မည်သည့်ဖိနိပ်မှူ့ မျိုးကိုမဆိုတွန်းလှန် တက်သူ ဖြစ်ပါလျှက် သူ့ရဲ့မိသားစုကို သူကိုယ်တိုင်အမှောင်တိုက်ထဲ ထည့်တွင်းထားမိနေသည်ကို သတိထားမိဟန် မတူပါ။ သူဟာ တကယ်တော့ ထူးချွန်ထက်မြက်သူတယောက်ပါ။ သို့ပါသော်လဲ မိမိလုပ်နိုင်သလောက် လုပ်ပိုင်ခွင့်မရခြင်း လုပ်သလောက် အကျိုးမခံစားရခြင်းတို့အပေါ် မကျေနပ်မှူ့ များစွာဖြင့် စိတ်ဖိစီးမှူ့များစွာ ရှိလာခဲ့ရသူပါ။ မိမိ မိသားစုကောင်းစားလိုသည့် စိတ် ရင်းထက် မည်သူ့ကိုမျှ ဒူးမထောက် လက်မမြောက်လိုသည့် မာနက အစမတန်မြင့်မား နေသူမှို့မိမိ မိသားစု အပေါ် လောင်းရိပ်ပြန်လည် ဖုံးအုပ်မိနေသည်ကိုမူ မြင်နိုင်စွမ်း မရှိတော့ပါ။ မည်မျှထူးချွန်သူ ဖြစ်ပါစေ အထက်ကို မပူဇော် မပသ သူမှန်သမျှ မွမ်းကျပ်အောင် ပိတ်လောင် ထားလေ့ ရှိတက်ကြသော စနစ်အောက်မှာ ရှင်သန် လာရသူများအဖို့ တခုသော ထွက်ပေါက်ဖြစ်သည့် မိမိ မိသားစုကို အသုံးချခံ အဖြစ် ပြစ်မှတ်များ စုပုံကျရောက် လာရခြင်းမှာ ထူးဆန်းလှသည်တော့ မဟုတ်ပါ။ ထို့ကြောင့် အဖေသည်လည်း ကျနော်တို့ မိသားစု အပေါ် ပိန်းမှောင် နေသော ဒေါသမောဟ များစွာဖြင့် လောင်းရိပ် လက်ဝေခံ လက်ဆင့်ကမ်းမိသူ ဖြစ်ခဲ့ရပါတယ်။
           အဖေဟာမိသားစုကိုပိုက်ဆံရှာပေးရင်တာဝန်ကျေပြီလို့ခံယူထားပြီးမိသားစုအပေါ်နွေးထွေးမှု့မေတ္တာရဲ့စွမ်းပကားကိုမေ့ရော့နေခဲ့ပါတယ်။ သူသိရှိကောင်းသိနိုင်ပေမဲ့လည်းအာဏာရှင် ‌‌ခေတ်စနှစ်အတိုင်းကိုယ်လိုရာစေနိုင်ဖို့ မိသားစုကို မွန်းကျပ်မှု့ လောင်းရိပ်ထဲ ဆွဲထည့်ထားဟန်တူပါတယ်။ အမြဲတန်းလိုလို တင်းတင်းမာမာ ဆက်ဆံလေ့ ရှိတတ်ကြတဲ့ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ထမင်းစားရင်း အပေါ့အငံလိုတဲ့ အသေး အမွှား ပြသနာလေး ကအစ ပုံကြီးချဲ့ ဒေါသထွက်ပြတက်တာ နေ့စဉ်လိုလိုပါ။ ကျနော်တို့အားလုံးဘယ်အရာမဆိုသူရဲ့အလိုကျနေထိုင်ကျင့်ကြံလာခဲ့ရပြီး တချက်ကလေးမှားလိုက်တာနဲ့ အဆပေါင်းများစွာပြစ်ဒဏ်ပေးခံရစမြဲပါ။ ဖခင်ကို မော်တောင် မကြည့်ရဲ လောက်အောင် ကြောက်ရွံ့မူ တွေနဲ့အတူ ငြိမ်ငြိမ် ဝပ်ဝပ် ပိပိ ပြားပြား နေ ထိုင်လာခဲ့ရတာပါ။ ဒါကြောင့်လဲ ခြေတလှမ်းတောင် မမှားရဲအောင် မလှုပ်သာ မရွံသာ ပြောဆို နေထိုင် လာရတဲ့ ခပ်ညံ့ညံ့ အလေ့အထတွေ ပေါ်ပေါက်လာခဲ့ရ ပါတယ်။ ကျတော်တိုဟာ လူ့လောကထဲစ ရောက်လာချိန်မှစ၍ မြေစာမြက်များ ဘဝဖြင့် အရိပ်မိုးကြီး၏ စိုးမိုးခြင်းကို မသိနား မလည်စွာ ခံစားကြီးပြင်း လာခဲ့ရပါပြီး ကျတော်တိုရဲ့ အသိထဲ မှာလည်း ရေအိုင်ထဲက ဖားငယ်ပမာ လောကသဘာဝပဲလို့ ထင်မြင်လာခဲ့ရပါတယ်။ ရေအိုင်တဖက်ရဲ့ အခြားဟိုဒီဖက်မှာ အဆုံးအစမရှိလှတဲ့ ဘဝရဲ့အမှန်တရားတွေ ရဲရင့်မှု့တွေ ဖြစ်ထွန်းနေတာ ကိုယ်နဲ့ ဘာမှမဆိုင် သလိုပါ။ 
            မှတ်မှတ်ရရ တခုပြောပြရရင် ကျတော် ရ နှစ့်လောက်က ဖြစ်မယ်ထင်ပါတယ်။ ကျတော်တို့‌စမ်းချောင်းဝေဠုဝန်အိမ်ယာ တခုမှာ နေစဉ်ကပါ။ အဖေနဲ့ပတ်သက်တဲ့ ပစ္စည်းမှန်သမျ ခပ်ကင်းကင်းကျိုးစား နေထိုင်လာခဲ့ရင်း တရက် အဖေရုံးက ပြန်လာကာနီး အချိန်လောက်မှာ အိမ်ရှေ့  ပြူတင်းပေါက်မှန်ကို မတော်တဆ ခွဲလိုက်မိပါတယ်၊ (အိမ်မှာလူကြီးတွေမရှိခိုက်ကျနော်အိမ်ရှေ့ဝရံတာထွက်နေချိန် အိမ်တွင်းမှာရှိနေတဲ့ညီအငယ်ကတံခါးပိတ်လော့ချလိုက်မိသာကြောင့် ကျနော်ကအပြင်ကနေမှန်တံခါးကိုခေါက်ရင်းတံခါးဂျက်ကိုဘယ်လိုဖြုတ်ရသည်ကိုပြောရင်း မှန်ကိုအရှိန်လွန်ခေါက်မိပြီးခွဲလိုက်မိခြင်းပါ)။ ကျ‌‌‌‌‌နော့်အသွေးအသား ဦးနှောက် ထဲမှာ ကြောက်ရွံ့ထိတ်လန့်မှူ့ များနဲ့သာ စိုးမိုးကုန်ပါတော့တယ်။ တွေဝေနေစဉ် အတွင်းမှာပဲ အဖေ အိမ်ပေါ် တက်လာတာကို တွေ့လိုက်ရပါတယ်။ ညီအကို မောင်နှမအားလုံး ဘယ်ချောင်ရောက်ကုန်လဲ ကျနော်မသိပါ၊ ကျနော်တယောက်ထဲ ကျားရှေ့မှောက့်လျက်လဲတဲ့ သိုးငယ်ပမာ အဖေ့ဒေါသများရဲ့အောက်မှာလည်ဆင်းခံရရုံသာ။ အဖေကထိုင်ခုံ တလုံးနင့် ကျ‌‌‌‌‌နော့်ဘေးမှာကျကျနနထိုင်ကာ၂ ပေကျော်လာက် ရှိတဲ့ ဓားမတချောင်းနဲ့ ကျ‌‌‌‌‌နော့်ခေါင်းပေါ် ခုတ်‌‌တော့မည့်ဟန်ဖြင့် ရွယ်မိုးထားပြီး မှန်ကွဲစများကို မှန်တချပ်ပြန်ဖြစ်အောင် ဘီလူးသားရဲပမာ ဆက််ခိုင်းပါတော့တယ်။  မှန်ကွဲစများကိုင်ပြီး တရွှံ့ရွှံ့ ငိုရုံကလွဲ၍ ကျနော်ဘာမျှ မတတ်နိုင်ပါ၊ မှန်ကွဲစများကို puzzle ဆက်သလို ဆက်က အကောင်းပြန် ရနိုင်ပါလျှင် ကျ‌‌‌‌‌နော့်လက်တွေ ကြွေမွှ ပျက်စီးချင် ပျက်စီး သွားပါစေ ကျ‌‌‌‌‌နော် ပြန်ဆက်ပေး လိုက် ချင်ပါသည်။ အဖေ့ကိုလည်း ပြန်မကြည်ရဲ၊ ကူညီမဲ့သူလည်း မမျှော်ရဲပါ။ အမှားအမှန် ကွဲကွဲပြားပြား မခွဲခြား နိုင်သေးသည့် ၇ နှစ်ရွယ် ကလေးငယ်တယောက် မည်သို့ခံစားရမည် ထင်ပါသနည်း။ ဤသို့သော စိုးရိမ် ကြောက်ကျမှူ့ များနှင့် လောကကို အောင်မြင်စွာ ရှောက် လှန်းရန် ဖြစ်နိုင်ပါမည်လား။ နဂို ကတည်းက ဘာမှ အမှားမလုပ် မိအောင် ကြောက်ကြောက် ရွံ့ရွံ့ နေထိုင် ပြီးသားပါ။ အဖေ့ရဲ ကြင်နာမှု့ အရိပ်အရောင် ဆိုတာ ဝေးလာဝေး အမှားနဲ့အမှန်ကိုတောင် ခွဲခြားမပြဘူးခဲ့ပါ၊ သူ့ကို စိတ်အနှောက်အယှက် ပေးသူ အားလုံးကို သူ့ရဲ့အာဏာစက်နဲ့ အပြစ်ပေးခဲ့တာချည်းပါ။ ကျနော်တို့တွေ လောက အလယ်မှာ ဘယ်လိုလို့ ရဲရဲရင့်ရင့် ဝင့်ဝင့် ကြွားကြွား နေထိုင်လာနိုင် ပါ့မလဲ။ သူကိုယ်တိုင်ကော မိမိ မိသားစု အပေါ် လောင်းရိပ် မဲကြီး ဖုန်းအုပ် ထားတယ်ဆိုတာ စဉ်းစားမိသလား ကျနော်မသိပါ။ 
            ကိုယ်လိုရာ စေနိုင်ဖို့် မာန်မဲချိန်းချောက် ဟိန်းဟောက်မူ့ တွေနဲ့  အမှောင်ဖုံ:ထားဖို့ လိုအပ်ပါသလား။ ကြာခဲ့ပါပြီ၊ ကျနော် အသက်၄၀ ကျော်ခဲ့ ပါပြီ။ အဖေလည်း ဆုံးပါး သွားခဲ့ ပါပြီ။ လောင်းရိပ်မဲကြီးလည်း ကျ‌‌‌‌‌နော့်မှာ မရှိတော့ပါ၊ သို့ပါသော်ငြား မှုန်မွားဝေဝါး ကျ‌‌‌‌‌နော့်အသိတွေမှာ ဘာမျှတက်တက် ကြွကြွမရှိ နိုင်တော့ပါ၊ တသက်သာ လောင်းရိပ်အောက်မှာ ချိချိနဲ့နဲ့ ရှင်သန်လာခဲ့ရတဲ့ မြေဇာမျက်များကို ဘယ်လိုမှ လန်းဆန်း တက်ကြွအောင် မစွမ်းဆောင် နိုင်တော့ပါ၊
ကျနော် ခုထိစိုးရွံ့နေဆဲပါ၊ ကျနော် ခုထိခြောက််ခြားနေဆဲပါ။      ။
                                                                                                                                   
(စိုးရိမ်ကြောင့်ကျမူ့များမွေးဖွားခံထားကြရသော မြန်မာ လူငယ်များ ခံစားနားလယ် နိုင်ကြမည်ဟု ယူဆမိပါသည်)

No comments:

Post a Comment