ကျနော့်အကြောင်း

ကျနော်ဟာ လွတ်လပ်မူ့တွေ အမှန်တရားတွေ ဆိတ်သုန်းပြီး လောင်းရိပ် မိနေတဲ့ မြန်မာပြည်မှာ မွေးဖွား ကြီးပြင်း လာသူ မြန်မာပြည်သား တယောက် ပါ၊  ကျ‌ေနာ်တို့ မြန်မာပြည်သား တွေဟာ ကလေး ဘဝထဲက အဆိပ်ငွေ့တွေ အဆိပ်ရေတွေ ကိုသာ သောက်သုံး ရှူရှိုက်ခွင့်ရပြီး အသက်ဆက် နေထိုင် ကြရတဲ့ လူသားတွေပါ၊  မိမိနိုင်ငံအတွက် မိမိ လူမျိုးအတွက် ဆိုပြီး လိမ့်လုံးတွေနဲ့ အသက် ပေးဆပ်ဖို့တောင် ဝန်မလေးအောင် ချော့တခါ ချောက်တလှဲ့ ဦးနောက်ဖောက်  စားသောက် ခံထားကြ ရတာပါ၊ ကျနော်တို့ ငယ်ငယ်က ပြည်ထောင်စုနေ့တို့ တပ်မတော်နေ့တို့ ဆို အင်မတန် ပျော်ကြရ တာပါ၊ ပျော်ကြမှာပေါ၊တိုင်းရင်းသား တွေက ရိုးရာ ဝတ်စုံတွေ ဝတ်ပြီး ကကြ၊ စစ်သားတွေက စစ်သီချင်း တွေဆိုပြီး ဝင့်ဝင့် ကြွားကြွား ဟန်ရေးပြကြ၊ အားကျစရာ ကောင်းမှကောင်း၊ ပြရုပ်တခု အနေနဲ့သာ လုပ်ပြ နေတာ သိမှမသိခဲ့ပဲကိုး၊ တကယ်တန်း ကျနော်တို့ ပြည်ထောင်စုသား အားလုံး ထားရာနေ စေရာသွား ဘဝမှာ ရှိနေအောင် အူဝဲဆိုတဲ့ ဘဝထဲက စိုးရိမ် ကြောင့်ကျမူ့ ဆိုတဲ့ အဆိပ်ငွေ့တွေနဲ့ ဖုံးလွမ်းထားခဲ့ တာလေ၊၊ 
    မှတ်မိပါသေးတယ်၊ ကျနော် ငယ်ငယ်က ကျေင်းသွားရတာ အင်မတန် စိတ်ပျက် ခဲ့ရပါတယ်၊ ကျ‌ေနာ်တို့ရဲ့ အတန်းပိုင် ဆရာမက ဆိုးတဲ့နေရာမှာ နာမည်ကြီး လေ၊ ၄တန်းနဲ့ ၅တန်းကို သူနဲ့ပဲနေခဲ့ရတာ၊ သူကျောင်း လာတိုင်း ကြိမ်လုံး ၃-၄ လုံးတော့ ယူဆောင်လာလေ့ ရှိတယ၊် သူ့ကြိမ်လုံးနဲ့ ကျောင်းသား ခလေးငယ်တွေကို ကြိမ်လုံးကြိုးသည့် တိုင်အောင် အားကုန် လွဲရိုက် လေ့ရှိတယ်၊ ကျတော်က ခပ်အေးအေး နေသူမှို့ သိပ်မရိုက် ခံရသော်လည်း သူ့ကို အလိုလို ကြောက်နေ မိတယ်၊ ရိုက်ခံရတဲ့ ခါများဆို အရှိုးရာက ထင်း နေရော၊ ဒါကိုအိမ်က သိလျင်လည်း ကျ‌ေနာ်သာ ထပ်ဆူ ခံရပေတယ်၊ ကျွန်တော်တို့ လူငယ်များ အတွက် ပညာသင်ကြားရာ နေရာမှာ ပျော်မွေ့စရာ ဆိုသည်ထက် စိုးရိမ် ကြောင့်ကျ စရာများသာ လွှမ်းမိုးနေလေ့ ရှိသည်လေ၊ အိမ်မှာကလည်း  တရက်တရက် စားရ သောက်ရဖို့ အရေး အလျင် မှီအောင် ရှာဖွေ ရုန်းကန် နေရတာ ဆိုတော့ ကျနော်တို့ အရေးကိစ္စ များကို လှည့်မကြည့်နိုင်၊ မိသားစု ဝမ်းစာအတွက် နေ့မအား ညမအား ရုန်းကန် နေရသည် မဟုတ်လား၊ ဝမ်းစာရေး အတွက် ဒေါသသံများ ငြီးငွေ့သံများ နှင့်သာ အချိန်ကုန် နေကြပေသည်ကော၊ ကျနော်တို့အတွက်မှူ ဆူပူ ကြိမ်းမောင်း သံများသာ နေ့စဉ်တွေ့ကြုံ နေရသည်လေ၊ "မိမိတို့သည် အဟိတ် တိရိစ္ဆာန်မက ရုန်းကန် ကြရသော်လည်း မြန်မာ လူမျိုးများ ပါးစပ်ဖြား တိုင်းက မိမိဘဝပေး ကုသိုလ်ကံ ဟူ၍ လက်တွေ့ မပြနိုင်သည့် ကံကိုသာ အပြစ်ပုံချ လေ့ရှိကြသည်" မဟုတ်လား၊  မကောင်းမူ့ မှန်သမျှ အကုန် လုပ်၍ လူထုကို မတရား ချယ်လှယ် ချင်တိုင်း ချယ်လှယ် ပြီး ကြီးပွား နေကြ သော သူများကို ဘဝပေး ကုသိုလ်ကံ ကောင်းလို့ဟု ဆိုပါလျင် ကျွနုပ်ထိုသို့ ဘဝပေး ကုသိုလ်ကံ ကောင်းအောင် လားလားမျှ မစဉ်းစား နိုင်တော့ပါ၊ ရှေ့ဘဝ ကောင်းမှူ့ ကုသိုလ်များ လုပ်ခဲ့ခြင်း ကြောင့် ဤဘဝတွင် မတရား ချယ်လှယ် ချင်တိုင်း ချယ်လှယ် ပိုင်ခွင့်ကို ရရှိကြ ရသည်ဟု ကော မတွေးနိုင် ပါ၏လော၊ ယဉ်ကျေး သိမ်မွေ့လှ ပါသည်ဆိုသော မြန်မာပြည်၊  ဗြဟ္မစိုရ် တရား ကျင့်ကြံ အားထုပ် ကြသည် ဆိုသော မြန်မာပြည်၊ အမြင့်ဆုံး လူကြီးများမှ စ၍  ကြီးနိုင် ငယ်ညှင်း စနှစ်ကို ဦးဆောင်ကာ နေရာအနှံ့ တက်တက်ကြွကြွ ကျင့်သုံး နေကြ ပေသည်လေ၊၊         
    လူငယ်တို့အတွက်  မိမိခိုနားရာ၊ မိမိပညာ သင်ကြားရာ၊ နေရာတို့မှာ မမွေ့ပျော် ကြပါလျင် ၎င်းတို့၏ အနာဂါတ်သည် မည်သို့ ထွန်းလင်း တောက်ပ နိုင်မည်နည်း၊ ပညာလိုချင်သူ နှင့်မိမိ နေထိုင်ရာကို မြတ်နိုး၍ တိုးတက်အောင် ပြုစုပြိုးထောင် ချင်သူတို့အတွက် မည်မျှ အခွင့်အရေး ရှိပါသနည်း၊  ကျနော်တို မောင်နှမအားလုံး လိုလိုလည်း ပညာမစုံခင် မှာပင် ကိုယ့်ဘဝကို ရပ်တည်ရန် ကြိုးစား ခဲ့ကြရပေသည်
၊ ကျ‌ေနာ်လည်း စစ်ကျွန်ထမ်းရင်း ဆယ်တန်းကို ဘဝတိုက်ပွဲ တခုအလား ကျော်ဖြတ်ခဲ့ပြီး လုပ်သားကောလိပ်သို့ ဝင်ရောက် ခဲ့ပေသည်၊ လုပ်သားကောလိပ်သို့ ဝင်ရောက်မိခြင်းသည် လောင်းရိပ် ကြားက အလင်းရောင် တခုကို လမ်းညွန် ဖော်ဆောင် ပေးသော နေရာတခုကို ရောက်ရှိသွား ခြင်းပင်၊ အဘယ်ကြောင့် ဟူမူ လုပ်သား ကောလိပ်သည် ဆရာနှင့် ကျောင်းသား မခွဲခြါးပဲ ချစ်ကြည် ရင်းနှီးခြင်းများ အခြေခံ၍ ကျွနုပ်တို့ထံ စိုးမိုးနေသော လောင်းရိပ်ကို ဖောက်ထွင်းရန် ညီညာဖြဖြ ခုတ်မောင်း နေသည့် ရထားတစင်း ဖြစ်နေသော ကြောင့်တည်း၊၊ ထိုရထားသည် မြန်မာပြည်သူပြည်သား အားလုံး ကျရောက်နေသည့် လောင်းရိပ်ကို အပြီးတိုင်ဖောက်ထွင်းရန်  ၈၈၈၈ တွင် အရှိန်ပြင်းပြင်းဖောက်ခွဲခဲ့သည့် ရထားများထဲမှ တစင်းဖြစ်ပါတော့သည်။  တသက်လုံးကြောက်ရွံ့စိတ်နှင့် နေလာခဲ့ရသောကျနုပ်လည်း  ဤရထား နှင့်ပင် အမှောင်ခွင်း၍ အလင်းဆောင်ရန် ကြောက်ရွံ့ခြင်း ကင်းမဲ့စွာ ဝမ်းပမ်းတသာ လိုက်ပါလာ ပါတော့သတည်း၊၊    ။


1 comment: