ဦးနှောက်ဖွံ့ဖြိုးမှု့လျော့နည်းသူများ
“လူတို့၏ပြောဆိုနေထိုင်မှု့သည် မိမိရဲ့စိတ်ဆန္ဒ၊ ခံစားမှု့ နှင့် ဗဟုတုတအပေါ်မှအခြေတည်စီးဆင်းသည်။”
ဟု Plato ကဆိုမိန့်ခဲ့ဘူးသည်။ ဟုတ်သည်။ တချို့က
ဘာပဲပြောပြောဘာပဲလုပ်လုပ် တည်ကြည်လေးနက်ပြုစွာ ပြုမှုပြောဆိုကြသော်လည်း၊ တချို့၏ ပြုမှုပြောဆိုမှု့တွင်၊
ကလေးအတွေးမျိုးဖြင့် လွတ်ကနဲပြောလိုပြော ဆတ်ကနဲလုပ်လိုလုပ်၊ ပြောသင့်မပြောသင့်၊ လုပ်သင့်မလုပ်သင့်
မချင့်ချိန်တတ်။ သာမာန်လူတို့နှင့်မတူကွဲပြားသည့် ထိုအမှုအကျင့်ရှိသူတို့၏ကြီးပြင်းရာလမ်းကြောင်းနှင့် ထိုသူတို့၏အတွေးအခေါ်ဗဟုတုတများကိုပြန်ကြည့်လိုက်လျင်
အင်မတန်ကွာခြားနေသည်ကိုတွေ့ရတတ်သည်။ ဆရာမောင်သာချိုပြောသလို “ခန္ဓာကိုယ်ကြီးထွားသန်မာဖို့ အစားအစာများစားပေးရသကဲ့တို့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့
စာများများဖက်ပေးရတယ်” ဆိုတဲ့အတိုင်းစာဖတ်အားနည်းလွန်းသောကြောင့်
အကောင်းအဆိုးအကြောင်းအကျိုးမခွဲခြားတတ်ခြင်း ဟုမှတ်ယူရတော့ပေမည်။ ဤနေရာတွင် လူဘဝအတွေးအခေါ်စဉ်းစားညဏ်မရင့်သန်ခင်ငယ်စဉ်က
အုပ်ထိန်းသူတို့၏ပြောဆို ဆုံးမသွန်သင်ခြင်း လမ်းကြောင်းမှန်မှု့သည် အခရာဖြစ်သည်ကို
စိတ်ပညာလေ့လာမိဘူးသူတိုင်းသိပေလိမ့်မည်။
လူ့အသိုင်းအဝိုင်းတွင်မတူကွဲပြားသောလူမျိုးစုံနှင့်လူတိုင်းတွေ့ကြုံဘူးပေလိမ့်မယ်။
ကျနော်လည်း လုံးဝကိုမတွေးစခဲ့ဘူးသောသူများ တနည်းအားဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု့လျော့နည်းနေသူများကိုတွေ့ဆုံခဲ့ဘူးပါတယ်။
တွေ့ပြီးမှသာ လောကမှာဒီလိုလူတွေရှိနေပါလားဆိုတာ အထူးအဆန်းဖြစ်ခဲ့ရပါတယ်။ ကျနော့်အတွေ့အကြုံအရ
များသောအားဖြင့် အသိညဏ်ပညာနည်းသူ ဟိုမရောက်သည်မရောက်ရှိသူတွေဟာ
မရင်းနှီးခင် စတွေ့တဲ့အချိန်မျိုးတွေမှာ တနည်းနည်းနဲ့ နှိမ်လိုက်တာတို့
အထင်သေးအမြင်သေးနဲ့ ရုတ်တရက်ပြောဆိုလိုက်တာတို့ကိုတွေ့ရှိခဲ့ရဘူးပါတယ်။ ကျနော့်ရဲ့အမှုအရာနဲ့
အပြောအဆိုက ဝံ့ဝံ့ထည်ထည်ခန့်ခန့်ညားညားမရှိလို့နဲ့တူပါတယ်။ တကယ်တမ်းခင်မင်ရင်းနှီးသွားရင်တော့အဲ့ဒီအပြုအမူတွေပျောက်သွားလေ့ရှိပါတယ်။
လူတယောက်ဆိုရင် တွေ့တွေ့ခြင်း ကျနော်ပစ္စည်းကျနော်သုံးနေတဲ့မုတ်ဆိတ်ရိတ်ဒါးကို သူ့ဟာဆိုပြီး
အတင်းစွတ်စွဲပြောဆိုခံခဲ့ရဘူးပါတယ်။ ခြားလူကဝင်တားပြီးပြောဆိုမှနောက်ဆုတ်သွားခဲ့ပါတယ်။
အလုပ်ထဲစဝင်တုန်းကလည်း နောက်မှရောက်လာသူကိုနှိမ်ထားမှဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုဆက်ဆံခံရတာတွေခံခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှသာလေးစားသမှု့အပြောအဆိုအမှုအရာတွေတွေ့ရတာပါ။ လူတိုင်းကိုတော့မဆိုလိုပါ။ (ဘာမှမသိပဲ ညီအကိုအရင်းမောင်နှမသားချင်းလို
ပြုစုရှောက်လျှောက်ခံခဲ့ရတာကိုလည်း များစွာကြုံခဲ့ဘူးပါတယ်။) ပတ်ဝန်းကျင်နဲ့လုံးဝကို သဟဇာတမရှိတဲ့ မိသားစုနဲ့လည်းနေထိုင်ခဲ့ဘူးပါတယ်။
သူတို့ကမြန်မာပြည်က ဒီဗီမဲပေါက်ပြီးအမေရိကားကို ရောက်လာဟန်တူသည်။ သားတယောက်၊ သမီးတယောက်ရှိသည်။
သူတို့ကအပါတ်မန့်တခုမှာသီးသန့်ငှားရမ်းနေထိုင်ကြတယ်။ လင်မယားနှစ်ယောက်လုံး အလုပ်အကိုင်ကလည်းမယ်မယ်ရရမလုပ်ပဲ
မြန်မာပြည်မှာသူတို့စီးပွားရှိတယ်ဆိုပြီး၊ သူများအလုပ်ကိုဝင်မလုပ်ချင်တော့ ဒီကဈေးပေါပေါနဲ့ရတဲ့ပစ္စည်းတွေစု မြန်မာပြည်ကိုလူကြုံနဲ့ပို့၊ ပါလာတဲ့ပစ္စည်းတွေရောင်းချ၊ စသဖြင့်မသေချာမရေယာတဲ့ဝင်ငွေလေးနဲ့
သားသမီးကျောင်းစရိတ်နဲ့ စားဝတ်နေရေးကိုဖြေရှင်းနေကြတယ်။ ကျနော်ကနေရာသစ်မှာအခြေမကျသေးတော့
သူတို့နေထိုင်တဲ့အိမ်မှာ ငှားရမ်းနေထိုင်လိုက်ပါတယ်။ ၃ခန်းရှိတဲ့အထဲကကျနော့်ကိုအခန်းတခန်းပေးနေတယ်။
ကျနော်ကသူတို့ငှားထားတဲ့အိမ်လခရဲ့တဝက်ကိုပေးပြီး၊ စားတော့သူတို့ချက်တာစားရန်သဘောတူကြတယ်။
ကျနော်တို့နေထိုင်တဲ့နေရာ၏လူနေမှု့ဘဝက မြို့ကြီးဖြစ်တဲ့လော့စ်အိမ်ဂျလိဆိုတော့ အိမ်လခအင်မတန်ဈေးကြီးပြီးစားသောက်စရိတ်အင်မတန်ပေါကြွယ်ဝတဲ့နေရာဖြစ်တယ်။
ကျနော်ကအစားအသောက်နှင့်ဇီဇာကြောင်တက်သူမဟုတ်။ ဖြစ်သလိုစားတတ်သည်။
သို့သော် အစားအသောက်ကိုသိပ်မချွေတာတက်။ ကြည့်ပါလေကုန် သူတို့စားနည်း။ တရက်ကိုဟင်းကိုနှစ်ခွက်စာချက်ပြီး
တခွက်အတွက်မနက်စာနောက်တခွက်အတွက်ညစာထားသည်။ အားလုံးစုံမှတူတူစားရတယ်။ ကျနော်ကမနက်ပိုင်းအလုပ်စောစောသွားတော့မနက်စာကိုအိမ်မှာမစား၊
ပြန်လာမှ ညနေစာအတွက်ချန်ထားတဲ့တခုတည်းသောဟင်းခွက်တခွက်ကိုတူတူစားကြရတယ်။ ကိစ္စမရှိသေး၊
မိသားစုတဖွယ်စားနိုင်ပါတယ်။ ဆီပြန်ဟင်းတခါတခါချက်သော်လည်း ချက်သည့်အခါတိုင်းဘဲဥဆီပြန်၊
တယောက်စီရတာကတခြမ်းတည်း။ လူ၅ယောက်စားတဲ့ထမင်းဝိုင်းမှာရှိတဲ့ဟင်းခွက်ထဲက ဘဲဥ၅ခြမ်းဆိုတော့
တယောက်တခြမ်းဆိုတာလူတိုင်းအသိ။ ဘဲဥတဒါဇင်လုံးဝယ်မှ ၃ ဒေါ်လာလောက်ပေးရတာ တလုံးကိုဘယ်လောက်မှပေးရတာမဟုတ်။ ဒီလောက်ဈေးပေါတဲ့ဘဲဥကိုဒီလိုချွေတာဖို့တော့မလို။
နောက်ပိုင်းတော့ကျနော်အလုပ်ကအပြန်ဟင်းဝယ်ခဲ့လေ့ရှိပေမဲ့သူတို့က အပြင်စာမစားဟုဆိုခါကျနော်ဟင်းကိုလုံးဝမထိ။
ဒါပေမဲ့သူတို့အထဲကသမီးကလေးကတော့ ကျနော်ဝယ်လာလေ့ရှိတဲ့အစာများကိုသူ့မိဘများမသိအောင်တောင်းစားလေ့ရှိတယ်။
လူပြိတ္တာဖြစ်နေကြရသော ကလေးများကိုသနားမိပါတယ်။ ကျနော်မရှိချိန်ကျနော့်အခန်းထဲဝင်တာကိုလည်း
တွေ့ရှိခဲ့ရတယ်။ တိုက်ရိုက်မေးကြည့်တော့ သူတို့ပစ္စည်းဝင်ယူတာလို့အကြောင်းပြပါတယ်။
အဲ့ဒီတော့မှ သူတို့မှာအခမ်းသော့ပို ရှိနေကြောင်း သိရတော့တယ်။ ကျနော်ကလည်းသူတို့ပစ္စည်းတချို့ ကျနော့်အခန်းထဲမှာသိမ်းထားစေတာကိုး။
အဲ့ဒီနေ့ညကြမှပဲကျနော် $၃၀၀ကျော်တန်
bifocal မျက်မှန်လည်းအခန်းထဲကနေ ပျောက်ဆုံးသွားကြောင်းသိလိုက်ရပါတယ်။ ဒါကြောင့်ပေါင်းသင်းဆက်ဆံလို့မသင့်တဲ့သူတွေလို့ယူဆပြီး နောက်လမှာတခြားနေရာကိုပြောင်းရွေ့နေထိုင်လိုက်ရပါတော့တယ်။ သူတို့အိုးခွက်ပုခံပစ္စည်းပေးမထိပေးမသုံးတာ စတဲ့ ပတ်ဝန်းကျင်နဲ့ သင့်တင့်လျောက်ပတ်စွာမနေထိုင်တတ်တဲ့
အပြုအမူတွေ သူတို့မှာအများကြီးအများကြီးရယ်။ အော် လောကမှာ ဘာအဓိကဆိုတာနားမလည်၊
မျှတစွာလည်း မနေထိုင်တတ်တဲ့ ဒီလိုလူထူးဆန်းတွေလည်းရှိနေတတ်တာကိုး။
လူ့ဘောင်လောကအတွေးအခေါ်အနေအထိုင်အတိုးတက်ဆုံးလို့ပြောလို့ရတဲ့
US လိုနေရာမျိုးမှာတောင် ညီမကိုယူလို့ရန်သူသတ်မှတ်တဲ့ယောက်ဖတွေ၊ သမီးကိုယူလို့အမွေစွန့်လွှတ်တဲ့ယောက္ခမတွေ ၊
ခုထိကိုယ်တွေ့ရှိတုန်း။ စဉ်းစားမျော်မြင် အတွေးအခေါ် ထက်မျက်စေဖို့ထက် အိမ်ရှေ့မှာဘွဲ့ရဓာတ်ပုံချိတ်နိုင်ရင်ဂုဏ်ရှိပြီလို့
ထင်ထားတဲ့သူတွေ၊ ဒေါက်တာပါရဂူ ဘွဲ့တာရပေမဲ့ “မြန်မာပြည်လွတ်လပ်ရေးရတာ ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်လို့မဟုတ်ပါဘူးကွာ
အင်းဂလိပ်တွေပေးလို့ရတာပါ” ဆိုတဲ့သူတွေ တွေ့နေရတုန်း။ “ဟဲ့ပေါ်ဦး ဘာနှင့်တုန်း” ဆိုတာနဲ့
“ဆားနှင့်ပါဘုရား” လို့ ဘုရင့်အလိုကြချက်ချင်းအဖြေပေးမှပညာရှိလို့သတ်မှတ်ခဲ့ကြတဲ့အလေ့အထတွေ၊
ဘယ်နိုင်ငံရဲ့ဝန်ကြီးနာမည်ကဘယ်သူ ဘယ်နှစ်ခုနှစ်မှာဘယ်သမ္မတကတက်ခဲ့တာဆိုတဲ့ အချက်အလက်ကိုတာသိတဲ့သူကလူတော်လို့
ယုံကြည်တဲ့အယူအဆတွေ၊ ဒါကျက်၊ ဒါမှတ်၊ ဒီလိုနေ၊ ဒီလိုသွား ဆိုတဲ့တလမ်းသွားဦးနှောက်တွေတာသွတ်သွင်းခြင်းခံခဲ့ရတဲ့
စနှစ်ဆိုးခေတ်ဆိုးကျွန်ခေတ်ကရုန်းမထွက်နိုင်တဲ့သူတွေ ထုနဲ့ဒေးခုထိရှိနေကြတုန်း။ လူတွေဘယ်လိုတွေးခေါ်နေထိုင်နေကြပြီလည်း၊
ဘယ်လိုလူတွေအကြပ်အတည်းတွေ့နေကြလည်း၊ ဘယ်သူတွေကမတရားအနိုင်ကျင့်ခေါင်းပုံဖြတ်နေကြတာလည်း၊
ဆိုတဲ့အမှားလား၊ အမှန်လား၊ တရားသလား၊ မတရားဘူးလား၊ ဆိုတာတောင်မခွဲခြားနိုင်လောက်အောင်
တချို့လူတွေရဲ့ဦးနှောက်တွေချို့ရွင်းနေကြရတာ၊ အဲ့လိုလူတွေအတွက်တော့ သဗ္ဗေသတ္တာ
ကမ္မသကာလို့ပဲ။
No comments:
Post a Comment