“မကြွေခင်-သင်ဘယ်လိုဝေမလဲ”
ဝေချိန်ကြဝေ
ကြွေချိန်ကြကြွေမှာပဲ၊
သင်ဘယ်လိုကြွေကြွေ
သင့်သမိုင်းသင်ကိုယ်တိုင်ရေးတာပဲ၊
မကြွေခင်-သင်ဘယ်လိုဝေမလဲ။
သင်ဝေတဲ့ပန်းရနှံ့
ဝင်းပျံ့လို့သင်းစေမလား။
ရှုရှိုက်သူနှလုံး
မူးမိုက်လို့ မုန်းတီး
ငရဲမီးနဲ့သံသရာဆက်ဖို့
ရွှေနားတော်သွင်းစေမလား
မကြွေခင်-သင်ဘယ်လိုဝေမလဲ။
(အများကောင်းကျိုးပေးစပ်ရင်းတလွှင့်လွှင့် ကြွေလွှင့်သွားကြသောအနီးကပ်ဆုံးသူငယ်ချင်းများဖြစ်ကြတဲ့ ကိုလတ်၊ ကိုအောင်ကြည်ဦး၊ ဖလော်ကျော်စိုး၊ ကိုအောင်ကြီး နဲ့ အများအော့နှလုံးနာကြတဲ့သူများလည်းကမ္ဘာမြေပေါ်ကပျောက်ကွယ်သွားကြပုံကိုကြည့်ပြီးခံစားရေးစပ်မိပါသည်)
No comments:
Post a Comment