ကျနော်တို့တွေတခါတလေမှာပြဿနာတခုကိုရှောင်ရှားဖို့လုပ်ရင်းအခြားပြဿနာတခုကိုရင်ဆိုင်တွေ့ကြုံရလေ့ရှိသလို၊
တခါတလေမှာ ရင်းနှီးဆုံးရှုံးလိုက်ရတဲ့ဟာတွေလည်းရှိပါတယ်။ ဒီလိုအတွေ့အကြုံမျိုးကိုအသက်အရွယ်တခုရလာတာနဲ့အမျှဘယ်သူမဆိုတွေ့ကြုံရနိုင်ပါတယ်။
ကျနော်ကတော့ ဘယ်ဟာကတန်ဘိုးကြီးမားသလဲ၊ ဘယ်ဟာကိုငါခံနိုင်ရည်ရှိသလဲဆိုတာနဲ့ဆုံးဖြတ်ပါတယ်။
ဒါပေမဲ့ တခါတလေမှာရွေးချယ်ခက်ခဲရလောက်အောင်မဆုံးဖြတ်နိုင်တာမျိုးတွေလည်းရှိတတ်ပါတယ်။
ကိုယ့်ရဲ့ဘဝရှေ့ရေးတိုးတက်ဖို့အတွက် ပြောင်းလဲရင်ဆိုင်ရမှာတွေဟာ မလွဲမသေဖြစ်လာရမှာပါ။
ကိုယ်တိုင်ပြောင်းလဲရသလို ပတ်ဝန်းကျင်ကိုလည်းပြောင်းလဲပစ်ဖို့လိုပါတယ်။ ဆိုကရေးတီးကပြောတယ်။
“Secret of change is to focus all of
your energy not on fighting your old but on building the new.” ကျနော်ကတော့သူ့ရဲ့အဆိုကိုပြသနာတွေနဲ့ပတ်သက်ပြီးဒီလိုဘာသာပြန်ချင်ပါတယ်၊
လက်ရှိပြသနာတခုပြေလည်ဖို့ပြောင်းလဲရာမှာ အကောင်းဆုံးလက်နက်ဖြစ်တဲ့ မိမိရဲ့အရည်အချင်းကိုအသုံးချပြီးနေရာသစ်ကိုတည်ဆောက်ပါ၊
ပြန်လှန်ပြီးအချိန်ကုန်တိုက်ခိုက်မနေပါနဲ့လို့ပေါ့။ ဒါပေမဲ့သင်အဲ့လိုလုပ်လိုက်တဲ့အခါဆုံးရှုံးနစ်နာလိုက်ရမဲ့ဟာတွေလည်းလာရှိနိုင်ပါတယ်။
ကျနော် တို့တချို့ဟာတွေပြေလည်ဖို့ တချို့ဟာတွေကိုဆုံးရှုံးလိုက်ရတာတွေရှိခဲ့ဘူးကြတယ်။
တချိန်ထဲ ရွေးချယ်မှု့နှစ်ခုတပြိုင်ထဲပေါ်ထွက်လာပြီး တခုကိုမဖြစ်မနေရွေးချယ်ရမဲ့အခြေအနေတွေနဲ့လည်း
ကြုံခဲ့ဘူးကြတယ်။ တော်တော်များများ ဘယ်ဟာကိုရွေးချယ်ရမှန်းမသိအောင်ဆုံးဖြတ်ရခက်ခဲလွန်းတဲ့
အခြေအနေတွေနဲ့လည်းကြုံခဲ့ရဘူးမှာပါ။မလုပ်ချင်တဲ့တခုကိုမရွေးချယ်ချင်ပေမဲ့ အခြေအနေအရ
ရွေးချယ်ရတာမျိုးတွေကအမျိုးမျိုး။၊ ထွက်ပေါက်မရှိလို့ပဲဖြစ်ဖြစ် သတ္တိမရှိလို့ပဲဖြစ်ဖြစ်၊
အတ္တကြီးလို့ပဲဖြစ်ဖြစ်၊ ရွေးချယ်လိုက်ရတာမျိုး။ ဒီနေရာမှာကိုယ့်ရွေးချယ်မှု့တွေနဲ့ပတ်သက်ပြီးဖြစ်လာတဲ့ပြသနာကတော့
ကိုကိုယ်တိုင်ပဲတာဝန်ယူ တာဝန်ခံရမှာဖြစ်ပါတယ်။ (အများအတွက်တို့နိုင်ငံရေးတို့ဆိုတဲ့ပြသနာတွေကိုအသာထားပြီး
ကျနော့်ရဲ့လူမှု့ရေးပြသနာလေးတွေကိုအဓိကထားရေးသွားပါ့မယ်) ကျနော်အလယ်တန်းကျောင်းအောင်တော့
တောင်ငူ ကစိုက်ပျိုးရေးသင်တန်းသွားဖြေရာမှာအမှတ်မမှီလို့အဲ့ဒီမှာမတက်နိုင်တော့ ဒီမောဆိုးစိုက်ပျိုးရေးသင်တန်းကိုပို့ပါတယ်။
(ပိုက်ဆံမလိုက်လို့ အထက်နဲ့မသိလို့ဟာတွေလည်းပါမှာပေါ့၊ ထားတော့။) ကျနော်ဆုံးဖြတ်ရတော်တော်ခက်သွားပါတယ်။
ကျနော်ပညာမပြည့်စုံသေးပဲအိမ်ကထွက်လာတာကနှစ်ချက်ရှိပါတယ်။ မွန်းကျပ်လွန်းတဲ့အိမ်ကထွက်ဖို့နဲ့
ဝါသနာပါတဲ့စိုက်ပျိုးရေးကိုလေ့လာဖို့ပါ။ အဲ့ဒီအချိန်ကကျနော်အသက်၁၅နှစ်လောက်တာရှိပါသေးတယ်။
၁၉၈၂ ၈၃လောက်ကအချိန်ပေါ့။ ဒီမောဆိုးဆိုတာအဲ့ဒီအချိန်ကဥပဒေထိမ်းချူပ်လို့မရနိုင်အောင်ဆိုးသွမ်းမှု့တွေကြီးစိုး၊
စစ်ပွဲတွေအမြဲတမ်းဖြစ်နေတဲ့နေရာဆိုပြီးကြားသိထားရတာ။ အဲ့ဒီကိုတယောက်ထဲသွားရမှာကလည်းမသွားရဲ၊
လောင်းရိပ်မိမွန်းကျပ်နေတဲ့အိမ်ကိုလည်းပြန်မသွားချင်၊ဘာကိုဆုံးဖြတ်လို့ဆုံးဖြတ်ရမှန်းမသိအောင်ကိုဖြစ်ခဲ့ရတယ်။
ဒါကြောင့်အမေ့ကိုလှမ်းမေးပြီးဆုံးဖြတ်ခိုင်းတော့အမေကအိမ်ပြန်လာဖို့ပဲပြောလို့ ပြန်မသွားချင်တဲ့လောင်းရိပ်အောက်ထဲကိုပြန်သွားခဲ့ရတယ်။
မရွေးချယ်ချင်တဲ့ဟာကို ရွေးချယ်လိုက်ရခြင်းပါပဲ။ တခါတလေမှာကိုယ့်ရဲ့ရွေးချယ်ဆုံးဖြတ်လိုက်မိတာကြောင့်
နစ်နာလိုက်ရတာတွေလည်းရှိပါတယ်။ ဘန်ကောက်မှာအိမ်ငှားနေတဲ့ပြဿနာနဲ့ပတ်သက်ပြီး အရင်းနှီးဆုံးသူငယ်ချင်းနဲ့
လမ်းခွဲခဲ့ရဘူးတယ်။ ကျနော်နဲ့သူအိမ်စပ်ငှားကြဖို့သဘောတူပြီး ကျနော်ပိုက်ဆံစိုက်ပြီးအိမ်ငှားလိုက်တော့
သူကမနေဖြစ်တော့ဘူးလို့ပြောတာနဲ့စကားအနည်းငယ်များကြတော့တာပဲ။ မင်းနေနေမနေနေပိုက်ဆံပေးပြီးသွားပြီဖြစ်လို့ပိုက်ဆံပေးရမယ်ဆိုပြီး
သူ့ဆီကကျနော် ပိုက်ဆံတဝက်ကိုတောင်းလိုက်မိပါတယ်။ သူလာနေအောင်လို့ရည်ရွယ်သလို စိတ်ဆိုးလို့ပြောမိတာလည်းပါပါတယ်။
သူကအသာတကြည်ပိုက်ဆံပေးပြီး လာတော့မနေပါ။ အဲ့ဒီကစပြီး ရန်ကုန်မှာကတည်းက အမြဲတမ်းတွဲလာတဲ့သူငယ်ချင်းနဲ့
ခပ်ခွာခွာဖြစ်ခဲ့ကြပါတယ်။ လုံးဝစကားမပြောတော့တာမဟုတ်ပေမဲ့ အရင်လိုနီးနီးကပ်ကပ်ဆိုးတူကောင်းဖက်မဟုတ်တော့ဘူးပေါ့။
အရင်ကျနော်တို့တစ်ယောက်နဲ့တယောက်ပြောမနာဆိုမနာ ဆဲဆိုရိုက်ပုပ်ပြီးပြောလာကြတဲ့သူငယ်ချင်းအဆင့်ပျောက်ဆုံးသွားရခြင်းပါ။
နှစ်ရှည်လများအချိန်ယူတည်ဆောက်ပြီးမှ သူငယ်ချင်းကောင်းတစ်ယောက်ရနိုင်တာကြောင့် ဒါလည်းကြီးမားတဲ့ဆုံးရှုံးမှု့တစ်ခုပါပဲ။
ခုတော့အသက်အရွယ်တခုနဲ့အချိန်ကာလကကျနော်တို့ကိုသင်ကြားပေးလိုက်ကြလို့နဲ့တူပါတယ် နေထိုင်တဲ့နိုင်ငံခြင်းမတူညီပေမဲ့
အွန်လိုင်းမှာအရင်လိုနီးပါးပြန်လည်ရင်းနှီးလာကြပါပြီ။
တောထဲမှာနေတုန်းကလည်း
စစ်တပ်ထဲကပါလာခဲ့တဲ့သူငယ်ချင်းနဲ့ ပြဿနာတက်ခဲ့ကြပါသေးတယ်။ သူနဲ့ကျနော်ကတော်လှန်ရေးကာကတလျောက်လုံးအတူတူလုပ်ကိုင်ရင်းနှီးလာခဲ့ကြတာပါ။
သူကလုပ်သားကောလိပ်ကျောင်းသားမဟုတ်ပေမဲ့ကျနော်နဲ့ပတ်သက်ပြီးလုပ်သားကောလိပ်နဲ့အတူတူနေထိုင်လာခဲ့တာ။
သူက အင်မတန်စိတ်အားထက်သန်သူဖြစ်ပြီး အင်မတန်အားကိုးရသူလည်းဖြစ်တာကြောင့်သူ့ကိုအားလုံးကဝိုင်းခင်မင်ကြတယ်။ တနေ့ သူနဲ့ကျနော့်ကို ဗဟိုကနေ ဒညတမှာ ဖောက်ခွဲရေးသင်တန်းတက်ဖို့အလွတ်ခံရတယ်။ ကျနော်တို့ဖောက်ခွဲရေးသင်တန်းတက်ပြီးရွာတရွာမှာနေစဉ်
သူထိုင်းထီထိုးတော့သူဆုကြီးကြီးပေါက်တယ်။ သူကဖော်ရွေတက်တဲ့သူဆိုတော့ အပေါင်းအသင်းတော်တော်များများရလာတယ်၊
ရွာထဲကဆေးချတဲ့သူတွေနဲ့ပါပေါင်းဖြစ်ပြီးပိုက်ဆံကိုအကျိုးမရှိတဲ့နေရာတွေမှာအသုံးများလာပါတယ်။
အခြားသူတွေကိုပစ္စည်းဝယ်ပေးသလိုကျနော့်ကိုလည်းရှူးဘိနပ်တရံဝယ်ပေးလာပါတယ်။
ရှေ့ဘာဖြစ်မယ်မှန်းမပြောနိုင်တဲတော်လှန်ရေး့အခြေအနေတခုမှာ ထိမ်းထိမ်းသိမ်းသိမ်းသုံးဖို့၊အကျိုးရှိတဲ့နေရာတွေမှာသုံးဖို့နဲ့ကျန်တာကိုစုထားဖို့ကျနော်ပြောရင်းကနေတဖြည်းဖြည်းစကားများရန်ဖြစ်လာကြတယ်။
နောက်တော့ကျနော်တို့ ဆဲဆိုထိုးကြိတ်တော့မဲ့အခြေအနေအထိကြီးကြီးကျယ်ကျယ်စကားများရန်ဖြစ်လာကြပါတယ်။
နောက်ဆုံးကျနော်နဲ့ကွဲသွားပြီး တပ်ရင်းဘုရားသုံးဆူကိုပြန်မလိုက်တော့ပဲ
ခွဲခွာသွားပါတော့တယ်။
ဒညတထဲဝင်သွားသလား၊ အဲ့ဒီရွာမှာပဲအိမ်ထောင်ကျသွားသလားဆိုတာမသိရတော့ပဲအစအနပျောက်သွားပါတော့တယ်။
ဒါကတော့ သူ့ရဲ့ရွေးချယ်ဆုံးဖြတ်မှု့နဲ့ဆိုတော့ကျနော်လည်းတားလို့မရ။ သူရဲ့ဆုံးရှုံးမှု့အောင်မြင်မှု့ဆိုတာကတော့သူ့ရဲ့ဆုံးဖြတ်ခံစားမှု့ပေါ်မှုတည်နေပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ်ကျနော်တို့လုပ်သားကောလိပ်အဖွဲ့အတွက်လူကောင်းတယောက်ဆုံးရှုံးမှု့တခုလို့ပြောရင်လည်းရပါတယ်။
ဒါကတော့ကျနော့်ရွေးချယ်မှု့တချို့ထဲက ဖြစ်ပျက်လာတဲ့လူမှု့ရေးပြသနာတစိတ်တပိုင်းမျှသာ၊
ကျနော့်ရဲ့ဆုံးဖြတ်ရွေးချယ်မှု့ကြောင့် ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့အကြောင်းတချို့ကို
No comments:
Post a Comment