ဒင်း(သင်း)တို့ကျိန်စာဆူးမဲ့(မည့်)အဆုံးသတ်နိဂုံး (ကဗျာ)

 ငါ ၈၈မှာကျမ ဝေပုံကျထဲက တဝက်ကို ထည့်ပေးလိုက်ပါတယ်

ဆိုတဲ့စာပါ ဘဲဥတခြမ်းနဲ့ထမင်းထုတ်တဝက်ကို မျက်ရည်ဆက်လက် ဖွင့်စားခဲ့ဘူးတယ်

ခု ၂၁မှာ ဒီမိုကရေစီတာရမယ်ဆို သတ်ခံဖို့အရွေးခံကြမယ်တဲ့

ငါတို့ မျိုးဆက်တွေအဆက်ဆက် ဒီအာဏာရူးစစ်ဘီလူးကို

အမြင့်မားဆုံးစိတ်ဓာတ်တွေနဲ့ အိပ်သွန်ဖာမှောက် တော်လှန်ခဲ့ကြတယ်။

ငါတို့ရဲ့ခန္ဓာမျိုးကို မင်းတို့လက်နက်အားကိုးနဲ့ သတ်နိုင်သော်ညား၊

ငါတို့ရဲ့စိတ်ဓာတ်မျိုးကား ဘယ်သောအခါမှပျက်သုန်းမသွား၊

ငါတို့ရဲ့စိတ်စွမ်းအားက ခေတ်လူတွေထံပါး ဝင်စားပြီးသား။

ဒီစွမ်းအားက မင်းတို့အာဏာရူးစစ်ဘီလူးတွေကို

အဆုံးသတ်နေဝင်ဖို့ အဆုံးအဖြတ်ပေးလိမ့်မယ်၊

မင်းဆိုးမင်းညစ် ဒီစစ်အာဏာရှင်စနစ်ကို ဒင်းတို့သွေးနဲ့ ဆေးပစ်မှ၊

ငါတို့ရည်မှန်းချက်ကိုရောက်စေမယ်။

ဒီတော်လှန်ရေးသစ္စာ မသွေမုချ အောင်မြင်ရစေမယ်။        

သက်လွင်(လုပ်သားကောလိပ်)(-၁၉-၂၁)

 

 

 

No comments:

Post a Comment