ကျနော်စစ်တပ်ကိုဝင်တော့ အဆောင်ကကျနော့်ကိုခင်တဲ့အကိုကြီးတဲ့တယောက်က သူကျနော့်ကိုအားမလိုအားမရဖြစ်တဲ့အခါ ငအူလို့ခေါ်ပါတယ်။ ကျနော့်ပုံစံကအူတူတူအတတဖြစ်နေခဲ့တာကိုး။ အမှန်အတိုင်းပြောရရင်တော ့ကျနော့်အဖေရဲ့ဖိနှိပ်မှု့ကြောင့် ကျနော်လူတွေကိုဆက်ဆံရမှာကြောက်ရွံ့ပြီး အူတူတူအတတပုံစံဖြစ်လာဟန်တူပါတယ်။ အဲ့တော့တချို့ကတကယ်အူအတယ်ထင်ပြီး စော်ကားချင်ကြတာမဆန်းပါ။ ပြီးတော့ကျနော်ကအချက်အလက်တွေကိုအသေမှတ်ရမှာ အင်မတန်မုန်းတီးသူဖြစ်ပါတယ်၊ ဒါကြောင့်ဘယ်တော့မှအလွတ်မကျက်၊ ဦးနှောက်ထဲမှာမှတ်မထား၊ တခုခုမေးလိုက်ရင်ဘယ်တော့မှချက်ချင်းအသိ၊ ချက်ချင်းမဖြေဆိုနိုင်၊ မြန်မာပြည်မှာစီးပွားရေးအောင်မြင်ခဲ့ဘူးတဲ့ အန်ကယ်တယောက်ကကျနော်နဲ့နိုင်ငံရေးအကြောင်းဆွေးနွေးရင်း ကျနော့်ကိုမြန်မာပြည်ရဲ့၈၈ဆန္ဒပြမှု့ကြောင့် အာဏာရှင်တယောက်ထွက်ပြီးနောက်တယောက်တတ်တဲ့လာရသူရဲ့နာမည်ကိုမေးတော့ကျနော်ရုတ်တရက်မစဉ်းစားနိုင်အူတူတူဖြစ်နေချိန်မှာ သူက မင်းကလည်း နိုင်ငံရေးလုပ်လာပြီးဒါလေးတောင်မသိဘူးလား ဆိုပြီးပြောဘူးပါတယ်၊ အမှန်တကယ်တော့ ကျနော်နိုင်ငံရေးမလုပ်ခဲ့ပါ၊ မြန်မာပြည်မှာတုန်းကကျောင်းသားအရွယ်ဆိုတော့နိုင်ငံရေးအကြောင်းလည်းသိပ်မသိ၊အမှန်တရားကိုမြတ်နိုးသူအနေနဲ့ရယ်၊ မတရားမှု့ကိုဆန့်ကျင်သူအနေနဲ့ရယ်၊ တော်လှန်ရေးလုပ်ခဲ့သူတယောက်ပါ၊ ကျနော်ကကျနော့်ထက်အသက်အရွယ်အားဖြင့်သော်၎င်း အသိညာဏ်ပညာ၊ စီးပွားရေးအစမတန် ကြီးမားနေတယ်ဆိုရင်သော်၎င်း စကားပြောဆိုရာမှာစိုးရိမ်စိတ်နဲ့အရမ်းကို အားနည်းနေတတ်ပါတယ်၊ မြန်မာပြည်ကငြိမ်ဝပ်ပိပြားအောက်မှာကြောက်ကြောက်ရွံ့ရွံ့နေခဲ့ရလို့ဖြစ်ဟန်တူပါတယ်၊ဒါကြောင့်အငြင်းအခုန်သိပ်မလုပ်တက်ခဲ့၊ မှန်တာမှားတာသိနေပေမဲ့အကျိုးအကြောင်းနဲ့ပြန်လည်ရှင်းမပြတတ်ခဲ့၊
တခါတလေမှာသိနေပေမဲ့ရုတ်တရက်ဦးနှောက်ထဲမှာပေါ်မလာ၊ တခါတလေမှာဘာကြောင့်မှန်းမသိ ပါးစပ်ကပေါက်ကရထွက်လာတတ်တယ်၊ ၊ အကြောင်းသိသူငယ်ချင်းအချို့ကတော့နားလယ်တယ်၊ ရိုးသားစွာနေထိုင်ခြင်းရဲ့ကောင်းမွန်လွန်းတဲ့အချက်ကတော့ ရိုးသားတာကိုနှစ်သက်တဲ့သူတွေနဲ့ မိသားစုတဖွယ်ရင်းရင်းနှီးနှီး နီးနီးကပ်ကပ်နေထိုင်လာနိုင်ခြင်းပါပဲ၊ ကျနော့်အိမ်ထောင်ဘက်ကလည်း ရိုးသားဖြူစင်သူတယောက်ဖြစ်နေခဲ့ပါတယ်။
စိမ့်စိမ့်ကိုသူငယ်ချင်းတယောက်နဲ့မိတ်ဆက်ပေးခဲ့ဘူးတုန်းက စမ်းလာသူတယောက်နဲ့တွေ့ခဲ့ဘူးပါတယ်၊ သူတို့လက်ခြင်းဆွဲနှုတ်ဆက်ကြတော့ လက်ခြင်းချိတ်ချိန်မှာ စိမ့်စိမ့်လက်ဖဝါးကို လက်ခလယ်နဲ့ကုက်ခြစ်တယ်လို့ စိမ့်စိမ့်ပြန်ပြောပြဘူးပါတယ်၊ ဘယ်လိုဆန္ဒနဲ့လုပ်တယ် ဆိုတာတော့ ပြုလုပ်သူကိုယ်တိုင်ပဲသိမှာပါ၊ ကျနော်ဘာမှမသိသလိုပဲအရင်အတိုင်းသူနဲ့ ဆက်ဆံနေထိုင်ပါတယ်။ သူကတော့ကံကောင်းစွာပဲရှေ့တလှမ်းတိုးမလာခဲ့ပါ။
ဖလော်ရီဒါမှာနေတုန်းကလည်း စိမ့်စိမ့်ရဲ့အနေအထိုင်မတက်မှု့ကြောင့် ကျနော်တို့အိမ်ထောင်ရေးထဲကြူးကျော်လာသူတယောက်ကို တွေ့ကြုံခဲ့ဘူးပါတယ်၊ ကျနော်အသိစောပြီးသူ့ကိုကျနော်ကိုယ်တိုင်ရာဇသံလိုသတိပေးလိုက်နိုင်မှု့ကြောင့် ကြီးကြီးကျယ်ကျယ်တော့ပြဿမတတ်ခဲ့။
ကျနော်အလုပ်စဝင်တုန်းကလည်း သူစိမ်းမြန်မာနှစ်ယောက်လုပ်နေတဲ့နေရာမှာသွားလုပ်တော့ တွေ့တွေ့ခြင်းပဲအရင်ရောက်သူဆရာကြီးပုံစံနဲ့ နိမ့်ချဆက်ဆံခံခဲ့ရပါတယ်၊ ကျနော်အဲ့ဒီအချိန်ကus ရောက်ခါစကလည်းဖြစ်အလုပ်ကလည်းလိုဆိုတော့ စကားနဲရန်ဆဲ အောက်ကပဲဝင်ပြီးသည်းခံပါတယ်၊ သူတို့ရဲ့အတွေ့အကြုံကလူတွေကို အပေါ်စီးကပြောဆိုထားမှ သူတို့လိုချင်သလိုလုပ်နိုင်တယ်ဆိုတဲ့ အသိပညာလောက်ပဲသိတဲ့အတွက်ဆက်ဆံပုံပါ၊ တချို့ကသူတို့အပေါ်အထင်သေးမှာစိုးလို့ သူတို့သိသလိုတတ်သလိုဆရာကြီးပုံစံနဲ့နေထိုင်တက်တယ်၊ တကယ်တန်းကြသူတို့မသိကြ၊ ဟုတ်လည်းတကယ်ဟုတ်တယ် သူတို့ဟာတကယ့်ကိုဘာမှမသိ မတတ်သူတွေဖြစ်နေတာကိုတွေ့ခဲ့ရတယ်၊ လူတိုင်းနီးပါးသိပြီးဖြစ်တဲ့အခြေခံကွန်ပြူတာတို့ အခြေခံ banking system တို့အကြောင်းတောင် မသိမတက်ဖြစ်နေတာကိုး၊ သူတို့ကိုလည်းအပြစ်မပြောလို၊ ကျနော်တို့နေထိုင်ကြီးပြင်းခဲ့ရတဲ့မြန်မာပြည်မှာက တတ်တတ်မတတ်တတ်အပေါ်စီးနေရာရမှ လုပ်ချင်တာလုပ်လို့ရတာဆိုတော့ အကျင့်ဆိုးတွေကဖျောက်ဖျက်မရ၊ ညာဏ်ပညာနည်းသူအချို့ကတော့ လူလူခြင်းတန်ဘိုးထားတဲ့နိုင်ငံရောက်လည်းမပြုပြင်နိုင်သေး၊
ကျနော် LA ပြန်ရောက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ချိန် ကုမ္ပဏီလိုအပ်ချက်အရလူ ၅ယောက်နဲ့ငှားရမ်းလုပ်ကိုင်တော့ တယောက်ကကျနော့်ကိုမန်နေဂျာခန့် ကျနော်ကောင်းကောင်းလုပ်ပေးမယ်လို့ တဲ့တဲ့ကြီးပြောလာပါတယ်၊ ပါးစပ်ကမပြောပဲအလုပ်နဲ့သက်သေပြရမှာ သူနားမလည်ပုံပါပဲ၊ သူ့ရဲ့ညဏ်ရည်နိမ့်ကျပုံနဲ့အချောင်ရလိုစိတ်က နောက်ပိုင်း အထင်းသားပေါ်လာပါတော့တယ်၊ သူတို့စီးပွားရှာပုံက အမြတ်တခုတည်းအဓိကထား အချောင်ရနိုင်တာကိုပဲကြည့်တက်တဲ့အမြင်ပဲရှိတာကိုတွေ့လိုက်ရပါတယ်၊ ကျနော့်တို့အိမ်ထောင်ပစ္စည်းအတော်များများအခိုးခံလိုက်ရတယ်လေ၊ ကျနော်တို့ အ လို့ပဲဆိုပါတော့၊ သူတို့အဲ့လောက်တော့မဆိုးသွမ်းလောက်ပါဘူးလို့ ထင်ခဲ့မိပြီးသူတို့အကူအညီယူခဲ့မိတာကိုး။
သူငယ်ချင်းတယောက်နဲ့ဖုန်းပြောပြီးလို့ချသွားတဲ့အချိန်တုန်းကလည်း ဖုန်းကိုသေချာစွာမပိတ်မိတော့ တဘက်ကသူတို့ပြောတဲ့အသံကိုကြားလိုက်တဲ့အချိန်မှာအတော်ကိုအံ့သြခဲ့ရပါတယ်၊ သူကသူ့မိန်းမကို အလကားပါဒီလင်မယားကပ်စီးနဲကော်တရာ၊ ဆိုပြီးဝေဖန်ပြောဆိုသံကိုကြားလိုက်ရပါတယ်၊ ကျနော်ချောင်းနားထောင်ခြင်းမဟုတ်ပါ၊ ကျနော်တို့ဟိုဘက်ဒီဘက်မိသားစုလိုက်စကားပြောတော့ ဖုန်းအသံဖွင့်ပြီးပြောတာကြောင့်ကြားနေရခြင်းပါ၊တော်ပါသေးတယ် စိမ့်စိမ့်မသိခင် ကျနော်အမြန်ပိတ်လိုက်တာကြောင့် သူတော့မကြားလိုက်ပါ၊ စိမ့်စိမ့်ကလုံးဝဟန်မဆောင်တက်ပါ၊ ပြီးတော့အားမနာတမ်းရှေ့မကြည့်နောက်မကြည့်တည့်တည့်ကြီးပြောတတ်သူပါ၊ သူ့ကြောင့်ကျနော်မျက်နာပျက်ခဲ့ရပေါင်းမနဲတော့ပါ၊ သူတာသိလျင် အဲ့ဒီကျနော့်သူငယ်ချင်းနဲ့ မျက်နာပျက်ရမည်သာ၊ သူတို့မိသားစုနဲ့ကျနော်မျက်နာမပျက်လိုပါ၊ တကယ်တန်းကြ သူတို့ကကျနော့်အပေါ်အင်မတန်ကောင်းကြပါတယ်၊ သူတို့လည်းပွင့်လင်းရိုးသားကြသူတွေပါ၊ စကားတခွန်းကြောင့်နဲ့တော့လူတွေရဲ့အတွင်းစိတ်ကိုဆုံးဖြတ်လို့မရပါ၊ ကြာကြာပေါင်းမှသိရတာပါ၊ ဒီစကားတခွန်းတည်းနဲ့တော့ကျနော်သူတို့နဲ့အဆက်မဖြတ်လိုပါ၊ သူတို့လုပ်သလိုလိုက်မလုပ်လို့အားမလိုအားမရအပေါ်ယံပြောတာလဲဖြစ်နိုင်ပါတယ်၊ ညီအကိုတွေလိုလက်ရှိအခြေအနေကိုမကျေနပ်လို့အမြင်ကပ်ပြီးပြောသည်လည်းဖြစ်နိုင်ပါတယ်၊ဗွေမယူပါ။
ကျနော့်အတွက်အဆိုးဆုံးတစ်ယောက်ကတော့နီးနီးကပ်ကပ်နေနေရတဲ့သူပါပဲ၊ ပွင့်ပွင့်လင်းပြောရရင် စိမ့်စိမ့်အကို၊ အနီးကပ်မနေလို့လဲမရ၊ စိမ့်စိမ့်ရဲမိဘဆန္ဒလိုအပ်ချက်ကြောင့်ဆက်ဆံနေရတကိုး၊ အစကတော့ သူ့ရဲ့အကူနဲ့သူလုပ်တဲ့အလုပ်မှာအတူလုပ်ခဲ့ကြရင်းသိခဲ့ကြတယ်၊ သူကစကားပြောရင် အရင်တုန်းက ရွှေထီးဆောင်းခဲ့ရတာကိုဝင့်ကြွားစွာပြောတတ်တယ်၊ သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သူကမိဘအရှိန်အဝါကြောင့် အလိုလိုက်ခံထားရပြီး မင်းသားလိုနေခဲ့ရတော့အပေါ်စီးကပဲပြောတတ်တယ်၊ ရိုင်းစိုင်းသလားယဉ်ကျေးသလားသူနားမလည်၊ မာနကြီးတာ၊ အတ္တကြီးတာ၊ သူသိတာအမှန်လို့ပဲ သူထင်ထားတယ်၊ ကျနော်ကလည်းသူ့ညီမကိုမှသွားယူမိတော့ ဆက်ဆံရတော့တာပေါ့၊ မိဘမောင်နှမတွေကတော့ ပညာတတ်သူပိုက်ဆံရှိသူတွေနဲ့ပဲရစေချင်တာကိုကျနော်နားလည်ပါတယ်၊ ဟုတ်ပါတယ်ကျနော်နဲ့စိမ့်စိမ့်နဲ့မယူဖြစ်ခဲ့ရင် သူကျနော့်ထက်ပိုက်ဆံရှိသူပညာတတ်သူနဲ့ရနိုင်ပါတယ်၊ သူတို့အသိုင်းအဝိုင်းမှာ အဲ့လိုလူတွေတပုံကြီး၊ ကျနော်ကပညာကလည်းမစုံသေး၊ အစိုးရကိုဆန့်ကျင်ပြီး မြန်မာပြည်ကထွက်လာရသူ၊ ပိုက်ဆံရှာဖို့ရည်စူးပြီး ဒီကိုရောက်လာတာလည်းမဟုတ်တော့ သူတို့အသိုင်းအဝိုင်းမှာဝံ့ဝံ့ထည်ထည်နေနိုင်မည်မဟုတ်၊ ပြီးတော့ သူမသိအောင်စိမ့်စိမ့်ကိုမရရတဲ့နီးနဲ့ အရယူခဲ့တယ်လို့ယူဆပြီး ရန်သူလိုသဘောထားလာတော့တာပါပဲ၊ စိမ့်စိမ့်နဲ့ရပြီးကျနော့်အပေါ် စော်ကားခဲ့တာတွေဟာ အမြဲတန်းလိုလိုရယ်၊ ပထမတော့ကျနော့်ဘက်က သည်းညည်းခံနေထိုင်ခဲ့ပါသေးတယ်၊ စစ်ပြေငြိမ်းအောင်လက်ဆွဲနှုတ်ဆက်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ သူလက်မခံခဲ့၊ သူ့ညီမကိုစော်ကားပြီးထွက်သွားတာလည်းမဟုတ်၊ အတည်တကျယူပြီး ခုတိုင်ပေါင်းသင်းနေတာပဲလေ၊ သူ့ရဲ့အတ္တနဲ့မာနအတိုင်းသူမှန်တယ်ထင်ပြီးယူဆနေတုန်း၊ ကျနော့်ဘက်ကတော့ သတ်နိုင်သလောက်မာနလျော့ချပြီးဆက်ဆံခဲ့ပြီးပြီ ဒီထက်ပိုပြီးခေါင်းငုံ့နေဖို့မရှိတော့၊ အမှန်ဆိုကျနော်အဲ့လိုလူမျိုးတွေနဲ့ဝေးဝေးနေလေ့ရှိပါတယ်၊ သူတို့ပိုင်ဆိုင်မှု့ကိုလဲမမက်မောပါ၊ လုံးဝလည်းမပတ်သတ်ချင်ပါ၊ မတရားမှု့ကိုတော့လက်မခံနိုင်ပါ၊ ဒါပေမဲ့လောလောဆယ်အခြေအနေမှာတော့ မတရားတာသိနေပေမဲ့၊ စိမ့်စိမ့်ရဲ့လိုအပ်ချက်ကြောင့်ငြိမ်နေရပါတယ်၊ ဒါပေမဲ့လူ့ရဲ့အငုံစိတ်ကအစိုးမရပါ၊ ကျနော့်မှာက နဂို psycho အငုံစိတ်ရှိပြီးသား၊ ပေါက်ကွဲလာတဲ့တနေ့ကြရင် ဘယ်လောက်အထိဖြစ်ပျက်သွားနိုင်တယ်ဆိုတာအာမ မခံနိုင်၊ တာကြောင့်မို့စိမ့်စိမ့်ကို သူနဲ့ဆုံနိုင်တဲ့နေရာမျိုးကိုကိုယ့်ကိုခေါ်မသွားဖို့ သတိအမြဲပေးရတယ်၊ တော်နေကျနော်ဘယ်လောက်အတိုင်းအတာအထိ စိတ်လိုက်မန်ပါလုပ်လိုက်မိမယ်ဆိုတာ ကိုယ်ကိုတိုင်တောင်မသိနိုင်ဘူးမဟုတ်လား။
ကျနော် ကျနော့်အပေါ်စော်ကားမော်ကားပြောပြီး ကျနော့်စီးပွားပျက်အောင်ကြံဆောင်လာသ ူတယောက်ကိုလည်း သတ်ချင်လောက်အောင် စိတ်ဆန္ဒဖြစ်ပေါ်လာခဲ့ဘူးလို့၊ သူနဲ့ freezer ထဲမှာတွေ့့ရင်ရိုက်ပြီးပိတ်သတ်လိုက်ရင်တော့သေတော့မှာပဲ၊ ကျနော်ဓားကိုင်ထားတုန်းအနားလာရင် ထိုးသတ်လိုက်ရင်တော့သေတော့မှာပဲ ဆိုတဲ့မကြံစည်ကောင်းတဲ့စိတ်တွေဖြစ်ပေါ်ခဲ့ဘူးပါတယ်၊ ဒါပေမဲ့ ဗုဒ္ဓရဲ့အဆုံးအမအောက်မှာယုံကြည်နေထိုင်သူအနေနဲ့မလုပ်ဖြစ်ခဲ့ပါ၊ ဒါပေမဲ့လူတယောက်ရဲ့ဒေါသဟာ အမှားအမှန်ကိုမှုန်ဝါးစေနိုင်ပါတယ်၊ သည်းခံတတ်သူတွေဒေါသကြီးလာတဲ့အခါ သာမာန်သူတွေထက်ကြောက်စရာကောင်းတယ်ဆိုတာသိထားသင့်ပါတယ်။
တချို့ကသူတို့သိတာတက်တာအမှန်ဟုယူဆနေတတ်ပြီး အမှန်ဟုတ်မဟုတ်ကိုလည်း လေ့လာစမ်းစစ်ခြင်းမလုပ်ကြ၊ သူတို့အမြင်ကိုပဲခေါင်းမာစွာရာသက်ပန်ဆုတ်ကိုင်ထားလေ့ရှိကြတယ်၊ အဲ့လိုလူမျိုးတွေဟာ၊ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းလည်းအင်မတန်အားနည်းကြပြီးအတ္တကြီးတတ်ကြပါတယ်၊ အဲ့လိုလူတွေနဲ့နေထိုင်တွေ့ဆုံကြရခြင်းဟာ ဝဋ်ကြွေးလို့ယူဆရမှာပါပဲ။
No comments:
Post a Comment