Influenza (Flu) အကြောင်းတစေ့တစောင်း

            ဒီနှစ်အအေးဝင်ကာစမှာ ကျနော် Flu ကာကွယ်ဆေးထိုးထားလိုက်ပါသေးတယ်။ ဒါပေမဲ့ကျနော်လွန်ခဲ့တဲ့အပတ်က Flu ဖြစ်ပြီး၊ အဖျား၁၀၃ကျော်သွားလို့  ဆေးရုံသွားလိုက်ရပါသေးတယ်။ ဆရာဝန်ပေးတဲ့ဆေးသောက်တာ လူကလှုပ်လို့မရအောင်မှုးလို့ကိုယ့်ဟာကိုယ်ပဲ counter drug ဆေးပြောင်းသောက်လိုက်ရပါတယ်။     အခုတော့အတော်တက်သာသွားပြီ။ ဒါပေမဲ့ အနည်းငယ်အားနည်းပြီးသိပ်လှုပ်လှုပ်ရှားရှားလုပ်ရင်ခေါင်းမူးတက်ပါတယ်။ ချောင်းတော့ဆိုးနေတုန်းပါပဲ။ ကျနော်ဖြစ်တဲ့ ဖလူးအမျိုးအစားရယ်၊ ကျနော်ရှာရှာဖွေဖွေဖက်မိတဲ့ တခြား Flu အကြောင်းတစေ့တစောင်းကိုမှတ်စုအနေနဲ့ရေးသားလိုက်ရပါတယ်။ ဒီစာစုထဲမှာFlu လားရိုးရိုးဖျားတာလားဘယ်လိုသိနိုင်သလဲ၊ မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ၊ ဖြစ်လာရင်ဘယ်လိုသက်သာအောင်လုပ်မလဲ၊ ပြီးတော့ Flu ကာကွယ်ဆေးထိုးထားပါရဲ့နဲ့ဘာကြောင့်ဖြစ်တာလဲ ဆိုတာတွေပါဝင်ပါတယ်။

Flu ဟာဗိုင်းရပ်အမျိုးအစားဖြစ်တာကြောင့်လွယ်ကူစွာကူးစက်နိုင်ပါတယ်။ အခြေခံအားဖြင့် Influenza A, Influenza B, Influenza C, Influenza D ဆိုပြီး၄မျိုးရှိပါတယ်။

Influenza A

ဖြစ်လေ့ဖြစ်ထဖြစ်တဲ့အဖြစ်အများဆုံးအမျိုးအစားဖြစ်ပြီး၊ နဲနဲကြမ်းတက်ပါတယ်။ ကျနော်ဖြစ်တဲ့အမျိုးအစားပါ။

ရာသီဥတုပြောင်းရင်ဖြစ်လေ့ရှိပြီး လူတွေနဲ တိရစ္ဆာန်တွေဆီကနေလွယ်ကူစွာကူးစက်နိုင်ပါတယ်။

H1N1 တို့ H3N2 တို့က flu A အမျိုးအစားတွေပါ။

တပတ်ကနေနှစ်ပတ်အထိကြာနိုင်ပါတယ်။

Influenza B

လူတွေမှာသာဖြစ်တတ်တဲ့အမျိုးအစားပါ။ ခလေးတွေမှာဖြစ်တတ်ပါတယ်။

Victoria နဲ့Yamagata ဆိုပြီးအဓိကနှစ်မျိုးရှိပါတယ်။

Influenza C

အဖြစ်နည်းတဲ့အမျိုးအစားပါ၊ အအေးမိပြီးဖျားတာမျိုးနဲ့ဆင်တူပါတယ်။ အဖျားသိပ်ပြင်းလေ့မရှိပါဘူး။

Influenza D

ကျွဲနွား တွေမှာဖြစ်လေ့ရှိတဲ့အမျိုးအစားပါ။ လူကိုမကူးနိုင်ပါဘူး။

Flu ကာကွယ်ဆေးထိုးပါရဲ့နဲ့ဘာကြောင့်ဖြစ်ရတာပါလဲ၊ ဒါဆိုထိုးသင့်သလားမထိုးသင့်ဘူးလား။

Flu vaccine က Flu အားလုံးကိုတော့ရာခိုင်နှုန်းပြည့်မကာကွယ်နိုင်ပါဘူး။ ဒါပေမဲ့ ကူးစက်ဝင်လာနိုင်တဲ့ Flu ဗိုင်းရပ်ကိုတော့ အားချိသွားအောင်၊ ဒါမှမဟုတ် ပျောက်ကွယ်သွားအောင်လုပ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးနှစ်ပတ်လောက်နေမှလည်းဆေးရဲ့အာနိသင်ပြည့်ဝတာပါ။ ဖြစ်လာရင်လည်း ကြာကြာမဖြစ်အောင် ဆိုးဆိုးဝါးဝါးမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ အဖျားရှိမယ်၊ ခန္ဓာကိုယ်တို့ခေါင်းတို့ ကိုက်ခဲနိုင်မယ်၊ ပင်ပမ်းနွမ်းနွယ်နိုင်မယ်။ ချောင်းဆိုးမယ်၊ တခါတလေမှုးအံနိုင်ပြီးတော့ ဝမ်းလည်းလျှောနိုင်ပါတယ်။

ဖျားတဲ့ကာလအတွင်းမှာ အသက်ရှူကြပ်လာတာတို့ ရင်ပတ်နာတာတို့ အဖျားအရမ်းတက်လာတာတို့ဆိုရင်တော့ဆရာဝန်ပြသင့်ပါပြီ။

ဖြစ်လာရင်ဘယ်လိုကာကွယ်မလဲ

လေအေးတိုက်မခံပါနဲ့။ ရေအေးမသောက်ပါနဲ့။ စွတ်ပြုတ်ရည်ပူပူလေးသောက်ပေးပါ။ အနားယူပါ။ Tamiflu ဆေးဝယ်သောက်နိုင်ပါတယ်။ ညအိပ်တဲ့အခါ Humidifier နဲ့အိပ်ရင်ပိုကောင်းပါတယ်။

            Flu နဲ့ common cold အဖျားကသိပ်တော့မကွာလှပါဘူး။ Flu ကတော့ ပိုကြမ်းပြီးပိုခံရပါတယ်။ အောက်မှာ ကွာခြားမှု့တချို့ကိုဖော်ပြလိုက်ပါတယ်



 

 

          

         

No comments:

Post a Comment