မူဝါဒ


မူဝါဒ
                   လူဟူသည်မွေးဖွားလာချိန်မှစတင်၍ သေဆုံးချိန်ထိ ပြသနာပေါင်းများစွာ တွေ့ကြုံနေကြရပေ သည်။ အဓိကအားဖြင့် လူအချင်းချင်းစိတ်ဆန္ဒမညီညွတ်မှူ့ကြောင့် မိသားစုများ အဖွဲ့အစည်းများ နိုင်ငံများ အတွင်း ပြသနာများတွေ့ကြုံနေကြ၏။    လူသားတို့သည် ပြသနာများနည်းနိုင်သမျှ နည်းပါးစေခြင်းငှာ နည်း အမျိုးမျိုးဖြင့် ကြံစည်ကြိုးစား ဆောင်ရွက်လာခဲ့ကြသည်။ ဤတွင် မူဝါဒချမှတ်၍ အကောင်အထည် ဖော်ခြင်း ဖြင့်ပြသနာများ ပြေလည်စေခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်း ပညာရှင်တို့ သတ်မှတ်လာ ကြသည်။  ထို့ကြောင့်လည်း မူဝါဒချမှတ် အကောင်အထည် ဖော်ခြင်းဖြင့် ပြသနာများ ပြေလည်စေခြင်း ပညာရပ်များကို ဘွဲ့လွန်သက္ကသိုလ်များ အထိပင်သင်ကြားစေခဲ့ပါသည်။ တိုးတက်သောနိုင်ဂံများတွင်  မူဝါဒချမှတ် အကောင် အထည်ဖော်ခြင်းကို စနစ်တကျသင်ယူထားသော ပညာရှင်များမှ များစွာအထောက်အကူ ပေးနိုင်သည်ကို တွေ့မြင်ကြရသည်။   ထိုသို့မူဝါဒချမှတ်ရာတွင် အောက်ပါအချက်များသည် အရေးကြီးသော အခြေခံများ ဖြစ်ကြောင်းပညာရှင်တို့လက်ခံခဲ့ကြပါသည်။
Policy: generalized approaches or strategies for solving a particular problem.
အခြေခံမူ။ ပြသနာတစ်ရပ်ကိုဖြေရှင်းရန် ယေဘူယျကျကျချည်းကပ်မှူ့(သို့)မဟာဗျူဟာများ၊
Program: specific measures designed to carry out a policies.
အစီအစဉ်။ မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော်ရန်လုပ်ဆောင် ထားသည့်ဆောင်ရွက်ချက်အစီအစဉ်၊
Project: a temporary endeavor undertaken to achieve  a particular aim.
 စီမံချက်။ တစုံတရာသောရည်ရွယ်ချက်တစ်ရပ်ကိုဖြည့်ဆည်းဖို့ယာရည်ဖွဲ့စည်းဆောင်ရွက်ချက်၊
              မူဝါဒဟူသည်ပြသနာကိုရှင်းလင်းရန် မဟာဗျူဟာသုံးခြင်းတည်း။ ပြသနာတခုကိုမူဝါဒသုံး၍ အောင် မြင်အောင် ဖြေရှင်းရာတွင် လက်တွေ့လုပ်ငန်းစဉ်ထဲပါရေးသည် အဓိကကျပေသည်။ မိမိတင်ပြသော ပြသနာ လက်တွေ့ ဖြစ်ပေါ်မလာခြင်းသည် လက်တွေ့အကောင်အထည်ဖော်နေသည့် စာရင်းထဲ မရောက်၍ ပင်တည်း။ လူဟူသည်ယုံကြည်ချက်အမျိုးမျိုး ရှိတက်ကြသကဲ့သို့သူယုံကြည်သည့်အတိုင်း ပြသနာကို အဓိပ္ပယ် ကောက် တက်ကြသောကြောင့် အမြင်ခြင်း ကွာဟမှူများရှိလာနိုင်ပါသည်။ ထို့ကြောင့် ပြသနာတင်ပြရာတွင် ထောင့်စေ့ ရန်လိုအပ်ပါသည်။
                   မူဝါဒကိုပေါင်းစပ်ဖွဲ့စည်းရာတွင်လူပုဂ္ဂိုယ်အမျိုးမျိုး အုပ်စုအမျိုးမျိုးပါနိုင်ရန် နှင့် ၎င်းတို့၏ အကျိုးစီးပွား တန်ဘိုးများ ပါနိုင်ရန်ပေါင်းစပ်ဖွဲ့စည်းရလေသည်။ ထိုအခါမိမိနှင့်ဆန့်ကျင်ဖက် ဖြစ်နေသူများ ကိုလည်း မူဝါဒဖွဲ့စည်းရာမှာပါဝင်စေပြီး သူတိုရဲ့တန်ဘိုးများကိုလည်း ထည့်တွင်းစဉ်းစားရသည်။ အလုပ် လုပ်ရာတွင်လည်း မိမိတန်ဘိုးမှခွာ၍လုပ်ဆောင်ရ၏။ ပြသနာဖြေရှင်းနိုင်မည့်နည်းလမ်းများကို ထောင့် အမျိုးမျိုးတန်ဘိုးအမျိုးမျိုးမှကြည့်၍ ဖြေရှင်းမှသာလက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိပါသည်။
                   မူဝါဒကိုရွေးချယ်သတ်မှတ်ပြီးသည့်တိုင်အောင် ထိုဝါဒ၏ ထိရောက်မှူ့ရလဒ်အတိုင်းအတာ နှင့်တွက်ခြေကိုက်မှူ့  ဖြစ်နိုင်ခြေနှင့် လက်တွေ့အကောင်အထည် ဖော်နိုင်သည့်အလားအလာရှိနိုင်မရှိနိုင် မှတ် ကျောက်များချ၍ မူဝါဒကို ပြောင်းသင့်ကပြောင်းရန်၊ ပြင်သင့်ကပြင်နိုင်ရန် စိတ်အခြေခံများ ထားရှိရပါမည်။ မူဝါဒကောင်းတခုဖြစ်ဖို့ရာသည် ချမှတ်ထားသည့်မူဝါဒအပေါ် မှန်ကန်သောအကဲဖြတ်မှူ့ အလေ့အထ ရှိဖို့ လည်း လိုအပ်၏။ ထိုအလေ့အထနှင့်ပါတ်သက်ပြီးစာရေးဆရာ Campbell က `ကိုယ်နဲ့မတူ အမျိုးမျိုး ကွဲပြားပေမဲ့ သက်ဆိုင်သူတွေ ပါဝင်ခွင့်ပြုတာ၊ ပူးပေါင်းတာဝန်ယူတာ နှိမ့်ချပြီး ကိုယ့်ကိုကိုယ် ဝေဖန်တက်တာ၊ ရိုးသားပြီးအမှန်တရားကိုရှာဖွေတာ၊ အလားအလာနဲ့ရှေ့ကို ကြည့်တက်တာ၊  မျှတတာ၊ ပွင့်လင်းတာ၊  ကျင့်ဝတ်နဲ့ လျော်ညီစွာလုပ်ဆောင်တက်တာ၊ ဒီမိုကရေစီနည်းလမ်းကျတာတွေဟာ ထိရောက်တဲ့အလေ့အထ ကောင်းတွေ ပါပဲ’ ဟုဆိုလေသည်။
                   အုပ်စုများနဲ့လူ့အဖွဲ့အစည်းများတွင် လူတို့အပြန်အလှန်သက်ရောက်အကျိုးပြုမူဆက်ဆံပုံနှင့် လူ့အဖွဲ့အစည်း များမှာ ဆက်စပ်နေလေ့ရှိသောကြောင့် လူတို့၏ အကျိုးစီးပွား ယုံကြည်မှူ့ သစ္စာရှိမှူ့တို့ ပါဝင် နေတက်ပါသည်။ လူ့အဖွဲ့အစည်းသည် တစ်ဦးခြင်းအနေအထား ပေါ်သတ်မှတ်ပြ ဌာန်းသကဲ့သို့ လူ တစ်ဦး ခြင်းကလည်း လူ့အဖွဲ့အစည်းအနေအထားကို သတ်မှတ်ပြဌာန်းတက်ပါသည်။ ထို့ကြောင့်ပြသနာများ လုပ်ငန်း များကို လုပ်ဆောင်ရာတွင် မိမိ၏သီးခြားအမြင်ကို ဖော်မပြတော့ပဲ အများနှင့်အတူ မှေးလိုက်စဉ်းစား လေတော့ ၏။ အထူးသဖြင့် ဦးဆောင်ပုံသည်  ညွန်ကြား ဦးဆောင်ပုံမျိုးဖြစ်လျင် ထိုဦးဆောင်မှူ့အောက်မှ အုပ်စုသည် မှေးလိုက်စဉ်းစားခြင်း၊  အုပ်စုအတိုင်းစဉ်းစားခြင်းမျိုး လွှမ်းမိုးနေတက်ပါသည်။ ခေါင်းဆောင်၏ အရှိန် ဩဇာ ကြီးမားနေလျင်လည်းထို့အတူပင်တည်း။ ထိုအခါဆုံးဖြတ်ချက်များမှာ သမရိုးကျပုံစံများသာ ထွက်လာ တက်ပြီး ထိုတို့သောအုပ်စု  သဘောသဘာဝများကြောင့် ပြောင်းလဲမှူ့များနှေးသွားတက်လေသည်။
                   “မူဝါဒဖြစ်စဉ်ကို ထိထိရောက်ရောက် နားလယ်ဖို့လုပ်ဆောင်ဖို့အတွက် ယုံမှတ်အစွဲကို ကြည့်မြင်တက်ခြင်းသည် သော့ချက်ဖြစ်သည်” ဟု  Yale University မှထုပ်သော “The Policy Process”  by Tim W Clark မှဆို၏။ လူတို့ဆုံးဖြတ်ပုံ တုန်ပြန်ပုံ အလိုလိုစိတ်မှာသိပုံ ဆင်ခြင်ပုံများ သည် ယုံမှတ်အစွဲမှ လာခြင်းဖြစ်၏။ ခေတ်တို့တဖြေးဖြေး ပြောင်းလာသည်နှင့်အမျှ ယုံမှတ်အစွဲအသစ်များ ဖြစ်တည်လာပြီး အဟောင်း များနှင့်ရင်ဆိုင်ရကာတင်းမာမှူ့များ ရှိလာတက်လေသည်။ မူဝါဒသိပံ္ပပညာရှင်တို့က ”လူဟာ အကျိုးအများဆုံး ဖြစ်မယ်လို့သူတို့သိမြင်နိုင်တဲ့နည်းလမ်းတွေနဲ့သာလုပ်ကိုင်ချင်ကြတယ်” လို့ဆိုကြပြီး။ “လူ့  အပြုအပြုအမူမှာ ကြိုတင် ပြဌာန်းထားသလို လုပ်တာမျိုးလည်းမဟုတ်၊  ကြုံသလို လုပ်တာမျိုး လည်းမဟုတ်၊ လုပ် တိုင်း ကျိုးကြောင်း ဆင်ခြင်ပြီး လုပ်တာမျိုးလည်းမဟုတ်၊ သူ့  ပင်ကိုယ်သဘာဝနှင့် ပတ် ဝင်းကျင်မှ လှုံ့ဆော် ခြင်းအပေါ် အခြေခံပြီးလူက ရွေးချယ်ပြုမူတာဖြစ်တယ်” ဟုလည်းဆိုကြသည်။  ထိုသို့ရွေးချယ်ရာ တွင် မိမိ သိမြင်သလိုရွေးချယ်သောကြောင့် လူတို့သိမြင်မှူ့သည်အဓိကကျလှ၏။ လူဟူသည် မိမိမြင် ချင်သည် ကို ရွေးချယ် အာရုံစိုက်တက်သော သဘောသဘာဝ ရှိသောကြောင့်  မိမိနားလယ် သိရှိပုံနှင့် ပြင်ပ လောက တည်ရှိ ပုံသည် လွဲချော် နေနိုင်ပါသည်။ ထို့ကြောင့် မိမိသိမြင်ပုံအပြင် အခြားလူများ၏ သိမြင်ပုံ ကိုလည်း ခြေရာ ကောက်တတ် ဖို့လိုအပ်ပါသည်။ လူနှင့်အဖွဲ့အစည်းတို့သည် အတ္တဘာဝအပေါ် အခြေခံ သောကြောင့် ၎င်းတို့ သိမြင်ပုံကိုခြေရာခံရာတွင့် ထိုသူတို့ပြောဆိုပြုမူပုံနှင့်  အစီအစဉ်ကို ကြည့်ခြင်း အားဖြင့် ခန့်မှန်း နားလယ် နိုင် ပါသည်။ တချို့မှာ ငါ့အဖွဲ့ငါ့ဒေသ အစရှိသော ကျင်းမြောင်းသည့် အယူအဆ အစွဲနှင့် တိမ်းညွတ်ပြီး ကြောင်းကျိုး ဆင်ခြင်တက်ကြလေသည်။ “ထိုကျင်းမြောင်းတဲ့ အယူအဆ ရောဂါဟာ ပြသနာကို ပူးပေါင်းဖြေရှင်းရာမှာ တိုး တက်မှူ့မရနိုင်အောင် အတားအဆီးဖြစ်နေတက်တယ်” လို့ မူဝါဒပညာရှင် များက ဆိုလေ့ရှိကြသည်။
                   အချုတ်အားဖြင့်ဆိုရသော် မူဝါဒဖြင့်ပြသနာကိုဖြေရှင်းရာတွင် မိမိတည်ဆောက်ထားသည့် မူဝါဒကို ကျပ်မတ် ထိမ်းသိမ်းယုံပင်မက မိမိမူဝါဒကို အကဲဖြတ်စစ်ဆေး၍ ပြူပြင်ပြောင်းလဲသင့်က ပြောင်းလဲ ရပါမည်။ အဖွဲ့အစည်းများနိုင်ဂံများတိုးတက်ရခြင်းသည် ချမှတ်ထားသော မူဝါဒများကို အမြဲလေ့လာ သုံးသပ် သော အလေ့အထရှိပြီး အတ္တ ဝါဒကို ကင်းနိုင်သမျှကင်းအောင်အမြင်ကျယ်စွာ ကြိုးစားနေထိုင်ကြသောကြောင့် ပင်ဖြစ်ပေတော့သည်။      ။

(စာရေးဆရာ Dr. တင်မောင်သန်း၏ ‘လူနှင့်မူ’ ကိုကိုးကားပါသည်)

No comments:

Post a Comment