မှုကြိုကလေးငယ်များအတွက်


Preschool  ကလေးငယ်တွေအတွက်မိဘတို့သိမှတ်ဖွယ်ရာ
“Why mommy!” “Why!” “Why!” ဒီလိုမေးခွန်းမျိုုးကို ကလေးငယ်တို့ဆီကမကြာခဏ သင်တို့ကြားဘူးကြမှာပါ။ preschooler တို့မေးမြန်းရန်နှစ်ခြိုက်တက်တဲ့မေးခွန်းမျိုးပါ။ ထိုမေးခွန်းမျိုးတို့ဟာ အတွေ့အကြုံသစ်တို့ကို လိုလားတောင့်တကြတဲ့ သဘောဆောင်ပါတယ်။ အတွေ့အကြုံသစ်တွေကို လိုလားကြတဲ့ကလေးငယ်တွေကို လမ်းဖွင့်ပေးဖို့က သင်တို့မိဘများရဲ့တာဝန်ပါ။ ဒီနေရာမှာသင်တို့အနေ့နဲ့ သူတို့လိုလားတောင့်တကြတဲ့ ဆန္နတွေကို ရိုက်မချိုးမိစေဖို့အရေးကြီးပါတယ်။ အဆုံးမရှိနိုင်တဲ့မေးခွန်းမျိုးကို ဖြေရတာ စိတ်ရှုပ်လာရင်တောင် အရိုးဆုံးနဲ့ အရှင်းဆုံးကို စိတ်ရှည်စွာ ဖြေနိုင်အောင် သင်တို့ကြိုးစား သင့်ပါတယ်။ ဒါမှလဲ သူတို့သိချင်တာ သိနိုင်ဖို့ ကြိုးစားလိုစိတ်ကို မြှင့်တင်ပေးရာရောက်ပါတယ်။
          Preschool မှာသင့်ရဲ့ကလေးငယ်များဟာ အခြေခံတွေဖြစ်တဲ့ (problem solving,  observing, discovering) အဖြစ်အပျက်တခုရဲ့ ပြသနာကိုဖြေရှင်းပုံ၊ အရာဝထ္တု  တွေကိုလေ့လာမှတ်သားပုံ၊ နဲ့ ဖြစ်ပျက်ခြင်း တွေကိုရှာဖွေပုံ စသဖြင့်အဓိကထား သင်ကြားရမှာ ဖြစ်ပါတယ်။ ကလေးတွေအတွက် ၃နှစ်နဲ့ ၄နှစ်ကြားကာလ အရွယ်ဟာ မှတ်ကျောက်တင်ရလောက်အောင် လေ့လာစူးစမ်းပြီးရသမျှကို ပြန်လည်အသုံးချချင်တဲ့အရွယ် ဖြစ် ပါတယ်။ တနေရာနဲ့တနေရာ သင်ပြပုံခြင်းအနဲငယ် ကွဲပြားနိုင်သော်လည်းအခြေခံအားဖြင့် အောက်ပါအချက်များကို ကလေးငယ်များ သင်ကြားရမှာဖြစ်ပါတယ်။
အဖြစ်အပျက်တခုရဲ့ပြသနာကို ဖြေရှင်းရာမှာ ။   ။ ကလေးငယ်တယောက်ရဲ့အရုပ်တခုကို တခြားကလေးငယ် တယောက်ရဲ့အရုပ်နဲ့ လှဲလည်ပေးခြင်းဖြင့်အလှည့်ကျလုပ်ရမယ် ဆိုတာကို နားလည်စေနိုင်ပါတယ်။
လေ့လာမှတ်သားမှူ့နဲ့ပါတ်သက်ရင်တော့ ။   ။ကလေးငယ်တွေအတွက် အရာဝထ္တုတခုနဲ့တခု မတူညီပုံတွေကို သတိထားမှတ်မိစေဖို့ပါ။ ဥပမာအနေနဲ့ တချိုု့ကျောက်ခဲတွေဟာချော မွေ့နေပြီး တချို့ကျောက်ခဲတွေဟာ အဖုအထစ်တွေ ရှိနေတယ်ဆိုတာကိုပါ။ 
အဖြစ်အပျက်ဖြစ်ခြင်းတွေကို ရှာဖွေလေ့လာတာနဲ့ပါတ်သက်လို့ကတော့။   ။“ရေရှိနေတဲ့ခွက်ကိုလှူပ်ရင် ဘာဖြစ်နိုင်မလဲ” “ဆပ်ပြာဘူပေါင်းတွေကိုဘယ်လိုလုပ်သလဲ” စသဖြင့်ပါ၊
သူတို့သိပြီးသားတွေကို ဘယ်လိုအသုံးချမလဲ ။   ။ ဥပမာ-ကွန်ပြူတာမောက်(စ်)ကို ရွှေ့တာသိပြီးသား သူတွေအတွက် ကွန်ပြူတာဂိမ်းတွေမှာ ဘယ်လိုအသုံးချပြီး ဆော့ရမလဲဆိုတာ သူတို့စမ်းသပ်တက်ပါတယ်၊
သူ့နေရာနှင့်သူပုံမှန်အတိုင်းသိမြင်တက်အောင် ။   ။အရာဝထ္တုများကို ပုံစံတူအုပ်စုတူသော အမျိုးအစားများဖြင့် ခွဲခြားတက်အောင်၊ အရာဝထ္တုများကို အရွယ်အစားများ ပုံသဏန်များဖြင့် မှတ်သားနိုင်အောင်၊
သူတို့ရဲ့ခန္ဒာကိုယ် ကိုယ်တိုင်ကကမ္ဘာလောကကြီးမှာနေရာယူထားတယ်ဆိုတာသတိထားမိစေဖို့။  ။
အုပ်စုတို့ရဲ့ကြီးစဉ်ငယ်လိုက်ကိုနားလယ်စေဖို့ ။   ။ ဥပမာ-အသေးဆုံးမှအကြီးဆုံးသို့၊
နံပါတ်များအသုံးပြုပုံနဲ့ရည်တွက်ပုံ ။  ။
အချိန်ကိုယျေဘူယအားဖြင့်နားလယ်စေဖို့ ။   ။ now, soon, late စသဖြင့်
၆ ခုမှ ၈ ခုအတွင်းရှိသော အရောင်များနှင့် အရာဝထ္တုများရဲ့ အခြေခံ ပုံသဏ္ဍန် (3 or more shapes) ကို မှတ်သားတက်စေဖို့။  ။ ဥပမာ ဘဲဥပုံ လေးထောင့်ပုံ စသည်ဖြင့်
အခြေအနေတခုကို တရုပ်ဆောင်ပြီးတာဝန်ယူတက်ခြင်း ။   ။ အရုပ်တခုကိုယူ၍ “I am the doctor” or “I am the mommy” ဟုတာဝန်ယူဆော့ကစားကြခြင်း၊ စိတ်ကူးကစားဖော်ဖန်တီး၍ လွတ်လပ်စွာကစားကြခြင်း၊
ပုံတွေအရာဝထ္တုတွေရဲ့ပုံသဏ္ဍန်ကိုအဓိပ္ပါယ်ဖော်နိုင်ဖို့။      ။ ဥပမာ-ခွေးပုံကိုပုံဖော်ခြင်း (သို့) အိမ်ပုံသဏ္ဍန်ကိုတွေ့လျင်အိမ်ဟုနားလည် ခြင်း၊
၆ ခုမှ ၈ ခုအတွင်းရှိသည့်  puzzle ကိုဖြည့်စွက်ခြင်း။   ။
လူနှင့်တိရိစာန်တို့ကွဲပြားခြားနားမှူ့ကိုနားလည်စေဖို့။   ။ ဥပမာ-ယုန်နားရွက်မှာ ရှည်၍အမွှေးမျှင်များရှိပြီး လူနားရွက်မှာဝိုင်း၍အမွှေးမျှင်များမရှိတာသတိထားမိစေဖို့၊
မိမိနဲ့မိမိထက်ငယ်တဲ့သူတွေခြားမှာကွဲပြားခြားနားမူ့ရှိတာသိစေဖို့။   ။
မြင်တွေ့နေကြဆိုင်းပုတ်များသင်္ကေတများကိုမှတ်သားနိုင်ဖို့။         ။ ဥပမာ- stop sign
ကလေးငယ်များဟာ ၄နှစ်သား အရွယ်မှာ အောက်ပါအရည်အခြင်းများကို လုပ်ပြတက်လာနိုင်ပါတယ်။
မွှေးဖွားခြင်းနှင့်သေဆုံးခြင်းအကြောင်းတွေကို မေးမြန်းတက်လာနိုင်ခြင်း၊ သူ့ရဲ့လုပ်နိုင်စွမ်းရည်ကို ပြသတက်လာခြင်း၊  နေ့စဉ်လုပ်နေကြအလုပ် (မနက်သွားတိုက်ခြင်း ညအိပ်ရာဝင်ဘုရားရှိခိုးခြင်း) တွေကိုလုပ်ရန်သဘောပေါက်ခြင်း၊ အစီအစဉ်မကျသောအလုပ်များကို လိုက်နာလာနိုင်ခြင်း(ဘိနပ်ချွတ်ပြီး ခြေအိပ်မချွတ်ခိုင်းပဲ ခေါင်းဖီးခိုင်းခြင်း) စသဖြင့်ပါ။
          ကလေးငယ်များကို ပြန်လည်မေးမြန်းခြင်း မေးရန်အခွင့်အရေးပေးခြင်းဖြင့် သူတို့ရဲ့သင်ကြားမှူ့ကို အားပေးပြီးစိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါတယ်။ သူတို့ရဲ့အပြောအဆိုတိုးတက်လာသည်နှင့်အမျှ သူတို့ရဲ့မေးခွန်းများဟာလည်းအဆင့်မြင့်လာနိုင်ပါတယ်။ “ဒါကဘာလဲ” “ဘာဖြစ်လို့လဲ” ဆိုသည့်သာမာန်မေးနေကျမေးခွန်းမျိုးကနေ “ဒါကဘာသံလည်း” “ငှက်ကဘာလို့ အောက်မကျတာလဲ” စသဖြင့်ပေါ့။သင်တို့ ပြန်ဖြေတဲ့အခါ “ငှက်မှာအတောင်ပန်ပါလို့ အောက်မကျတာပေါ့” ဟုနောက်ထပ်မေးလာနိုင်သည့့်မေးခွန်းမျိုးကိုလမ်းဖွင့်ပေးသင့်ပါတယ်။ “ဖေဖေမသိဘူး”  ဟုလည်း ပွင့်ပွင့်လင်းလင်းဖြေဆိုနိုင်ပြီး ကလေးငယ်နှင့်စာအုပ်တခုတွင် ထိုအဖြေကိုအတူတူရှာဖွေခြင်းဖြင့် မိမိရဲ့အားပေးမူ့ကိုပြသသင့်ပါတယ်။  preschooler အရွယ်ဟာမေးခွန်းများကိုဖြေဆိုဖို့နှစ်သက်တဲ့အရွယ်ပါ။ ဒါကြောင့်သူနဲ့စာအုပ်ဖတ်တဲ့အခါ ပုံများဇတ်လမ်းများနဲ့ပါတ်သတ်ပြီး “Where is the brown doggie?” “what do you think he like to eat?” “What will happen next?” စသဖြင့်သူတို့ရဲ့သိချင်စူးစမ်းချင်တဲ့စိတ်တွေကို မြှင့်တင်တဲ့အနေနဲ့ ပြန်လည်မေးသင့်ပါတယ်။ ကလေးငယ်တွေရဲတိုးတက်မှူ့မှာ မိဘများရဲ အားပေးအားမြောက်မှူ့နဲ့ လက်တွဲလုပ်ကိုင်မှူ့ကလည်း အဓိကကျတယ်ဆိုုတာ သတိမူသင့်ကြောင်းတင်ပြလိုက်ရပါတယ်။          ။
(www.babycenter.com မှ ထုတ်နှုတ်တင်ပြပါသည်)                              

No comments:

Post a Comment