ယဉ်ကျေးမှု့တွေထွန်းကားတဲ့မြန်မာပြည်၊ ဘာသာရေး အလေ့အထကောင်းတွေကျင့်သုံးတဲ့မြန်မာပြည်၊ တဲ့လား

     တရားဟောဇာတ်တော်ထဲက ဘုရားအလောင်းဘဝမှာသားသမီးအရင်းကို ပုဏ္ဏားလှူခဲ့တဲ့ဇာတ်တော်မျိုးဟာတကယ်ဖြစ်ခဲ့တာလား၊  လုပ်ကြံဇာတ်လမ်းလား ဆိုတာ ဘယ်သူကဝေဖန်ဘူးပါသလဲ။ ကိုယ့်မျက်စေ့ရှေ့မှာ ပုဏ္ဏားကရက်ရက်စက်စက်နှိပ်စက်ပြီး ခေါ်သွားတာကိုတောင်လစ်လှူရှုရတယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတွေကို လူထုယုံကြည်ကိုးကွယ်တဲ့ ဘုရားဇာတ်တော်ထဲမှာ လူထုဦးနှောက်ထဲ ပြောင်းလဲလို့မရနိုင်အောင်အသေရိုက်ထည့်။ တကယ်တမ်း စဉ်းစားကြည့်ရင် ဒီလိုလုပ်ဇာတ်မျိုး တခြားဘာသာတူ ဘယ်နိုင်ငံမှာမှရှိတာမကြားဘူး။ ဘယ်တကောင့်သားကများ တချို့လူတွေအောင်မြင်ဖြစ်မြောက်ဖို့အတွက် အောက်ကလူကိုထိုးကျွးရတဲ့လုပ်ဇာတ်မျိုးကို ထွင်ခဲ့တာလည်းမသိ။ ဒါပေမဲ့ လူတိုင်းယုံကြည်နေတဲ့ ခုလိုဘာသာရေးမှာ အများနဲ့ဆန့်ကျင်ပြီး လုပ်ဖို့ မလွယ်။ အမြင့်မြတ်ဆုံးအကြီးကျယ်ဆုံး ဘုရားနဲ့မှပုံဖော်ပြီးပြခဲ့တော့ ဘယ်လိုလူကဝေဖန်ဆန့်ကျင်ရဲတော့မှာလဲ။ ဒီလိုပဲ ဇာတ်တော်ထဲက ဘုရင်မင်းအလိုကြ ဆားနဲ့ပါဘုရားလို့ မတုန့်မဆိုင်းဖြေဆိုမှ ပညာရှိလို့သတ်မှတ်ကြတဲ့ အလေ့အထ၊ လူကြီးအလိုကြနေပေးလုပ်ပေးမှ၊ ပြောတဲ့အတိုင်း၊ချမှတ်ထားတဲ့အတိုင်းလိုက်လုပ်နိုင်မှ၊ လူတော်လို့သတ်မှတ်ရတဲ့အလေ့အထမျိုးကိုသာနေရာတိုင်းမှာတွေ့ရပြီး၊ မိမိကိုယ်ပိုင်အတွေးအခေါ်အယူအဆနဲ့ဆင်ခြင်သုံးသပ်ခိုင်းတဲ့အလေ့အထမျိုးကို မြန်မာပြည်ရဲ့သင်ရိုးတွေယဉ်ကျေးမှု့တွေမှာသိပ်မတွေ့ခဲ့ရ။ လူကြီးပြောစကားနားထောင်၊ အတွန့်မတက်ငြိမ်ငြိမ်လေးနေ၊ သင်ကြားပို့ချတဲ့အတိုင်း လိုက်နာနိုင်ရင် ဆုတဆိပ်တွေ၊ နာမည်ကောင်းတွေရတော့ အဟုတ်ကြီးကိုထင်မှတ်ကြလို့။ လူရည်ချွန်တို့၊ ရှေ့ဆောင်လူငယ်သင်တန်းတို၊ ရွေးခံရရင် အထင်တွေကြီးလို့ပေါ့။

မြန်မာပြည်ရဲ့လူတော်တော်များများဘာသာရေးလိုက်စားပြီး ငြိမ်းချမ်းမှု့ကို လိုချင်ကြပေမဲ့၊ တချို့လူတွေရဲ့အတ္တတွေ၊ ကြီးနိုင်ငယ်ညှင်းတွေ၊ စတဲ့ မမျှတမှု့တွေကြီးစိုးလွန်းတဲ့မြန်မာပြည်လိုနေရာမျိုးမှာ ငတ်ပြတ်တောင်းစားနေသူတွေ အမျိုးမျိုးသောဒုက္ခရောက်နေသူတွေကိုဥပခါပြုပြီး ဘာသာရေးသီးသီးသန့်သန့်လုပ််ဖို့ တော်ယုံလူမစဉ်းစားနိုင်။ တချို့ဘုန်းကြီးတွေရဲ့ အတ္တကြီးမှု့တွေ၊ ဘာသာရေးအကြောင်းပြပြီးအာဏာပြမှု့တွေ၊ လုပ်စားလာမှု့တွေ၊ ယုတ်စွအဆုံး သာမာန်လူလောက်တောင်မစောင့်စည်းနိုင်တဲ့ ညစ်ညမ်းယုတ်မာမှု့တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာတာတောင် သူတို့ကိုမပစ်မှားမိစေနဲ့၊ မစော်ကားမိစေနဲ့၊ သူ့ကံနဲ့သူသွားလိမ့်မယ်ဆိုတဲ့ ဘာသာရေးမှိုင်းမိခံအတွေးတွေနဲ့ ဥပခါပြုနေသူတွေရှိနေတုန်း။

အုပ်ချုပ်သူလူတန်းစားစစ်ဝါဒီသမားတွေက  ကယ်တင်ရှင်လိုဖန်တည်း၊ သူတို့လုပ်ပေးမှဘဝအသက်ဆက်ရတဲ့ အခြေအနေမျိုးဖြစ်အောင် ချုပ်ကိုင် ထားတော့  ကျွန်စိတ်ရှိသူတွေက အဟုတ်ကြီးထင်ပြီး ကျေးဇူးတွေတင်ဘုရားလိုကိုးကွယ်တဲ့သူတွေကကိုးကွယ်တုန်း။ မြန်မာပြည်ရဲ့ယဉ်ကျေးမှု့တွေ၊ အလေ့အထတွေ၊ အဓိကစီးဆင်းလာစေတဲ့စစ်အစိုးရကိုယ်တိုင် လိမ်ညာ၊ ခိုးစား အမျိုးမျိုး ယုတ်မာကြယုံတင်မက၊ လူ့အသက်တွေကို ကြက်ငှက်တိရစ္ဆာန်တွေလို သတ်ဖြတ်အဲ့လိုလူယုတ်မာတွေလူသတ်သမားတွေ သူ့ကံနဲ့သူသွားလိမ့်မယ်ဆိုတဲ့မှိုင်းတိုက်ခံအယူအဆတွေကို ယုံကြည်လက်ခံပါအုံးမည်လား။ သူတို့ခံရတဲ့ကံကြမ္မာအလှည့်ကိုစောင့်နေလို့ကတော့ မြန်မာပြည်သူတွေအကုန်သတ်ခံရမှာမလွဲ။  အပြစ်မဲ့ပြည်သူတွေမကုန်ခင်၊ လူသတ်ကောင်တွေကို အမြန်ငရဲပို့ပေးတာကလွဲလို့တခြားနည်းလမ်းမရှိတော့။

ယဉ်ကျေးမှု့နဲ့မှိုင်းတိုက်၊ အကြောက်တရားနဲ့သိမ်းပိုက်၊ နောက်ဆုံး သူတို့အာဏာ ဆက်လက်တည်မြဲရေးအတွက် လူတိုင်းကိုသတ်ဖြတ်လာကြတဲ့ ဒီဦးနှောက်မဲ့ခွေးတိရစ္ဆာန်တွေကို တဦးတယောက်မကျန် ရတဲ့နည်းနဲ့တွန်းလှန်ကြမှ၊ ရတဲ့နည်းနဲ့သေတွင်းအမြန်ပို့မှ၊ မြန်မာပြည် စစ်မှန်တဲ့အေးချမ်းမှု့ရမည်မဟုတ်ပါ၏လော။

 

           

No comments:

Post a Comment