နှစ်၃ဝပြည့်သစ္စာစကား (ကဗျာ)


ဘာမှအပြစ်မရှိတဲ့သူ (ပြည်သူ) တယောက်အတွက်၊

 ထွက်ပေါက်မရှိတဲ့အခန်းငယ်ထဲ၊

သင်၊ ထည့်သွင်းခံထားရမယ်ဆိုရင် ဘာလုပ်မလဲ။

ပထမဆုံးအနေနဲ့ ထွက်ခွင့် (လွတ်လပ်ခွင့်) တော့ တောင်းမှာပါပဲ။

ဒါပေမဲ့၊

ထွက်ခွင့်တခါတောင်းတိုင်း၊

အမေမွေးပေးထားတဲ့ လက်၊

ဖြတ်ခံခဲ့ရတယ်။

 ခြေထောက်တွေ ရိုက်ချိုး

စိတ်ရုတ်စိတ်မာတွေ အပျိုးခံခဲ့ရတယ်။

အို - နားတွေ မျက်စိတွေ ဦးနှောက်တွေ၊

ထိုးဖောက်ခံရလို့ ဘဝတွေ ပျောက်ခဲ့ရတယ်။

သဘာဝကပေးတဲ့အလင်းတခုရအောင်၊

ရိုးရိုးရှင်းရှင်းတောင်းဆိုကြတာတောင်၊

လူခြင်းလူကို ကြက်ငှက်လိုသဘောထား၊

မင်းတို့အမျိုးကောင်းစားဖို့အတွက်၊

ငါတို့ မျိုးဆက်သစ်အဆက်ဆက်၊

မျိုးတုံးအောင်ခြေဖျက်ခံခဲ့ရ၊

 မေ့ပစ်လို့ဖြစ်နိုင်မလား။

သမိုင်းအဆက်ဆက်၊

မင်းတို့ရုတ်မာကောက်ကျစ်မှု့တွေအတွက်၊

ဖုံးကွယ်မြေမြှုပ်ဖို့ကြိုးစား၊

ကျေအေးလို့ရနိုင်မလား။

ကျေအေးဖို့လာမမေးနဲ့၊

ငါ့ဘဝပေးပြီး မင်းတို့ကိုတော်လှန်လို့ မြေကျလည်း၊

ကမ္ဘာမကျေဘူးပဲ။ ။
 Thet Lwin (Worker College) (8-8-18)

No comments:

Post a Comment