ကိုယ်ပိုင်စာစုများ

ထာဝရအမေ

 

ထာဝရအမေ

ကျနော်တို့ရဲ့အမေ၊

ချိုင့်ခွက်ပဲ‌ေပါ‌ေပါ၊ ဆူးကြမ်းပဲခင်းခင်း၊ သေမင်းနဲ့ပဲတွေ့ပစေအုံး၊ အပြုံးမပျက်၊ ပြည်သူအတွက်၊ လမ်းဆက်လျောက်နေတဲ့အမေ။

စစ်ခွေးဘီလူး၊ ဒီအာဏာရူးတွေကြောင့်၊ တို့အမေလျောက်တဲ့လမ်း၊ ပြည့်ခွင့်လမ်း‌ေတွ ရပ်တန့်နေခဲ့ရတယ်။

တို့ပြည်သူတွေ၊ သေသူကသေ အိုးအိမ်မဲ့သူကမဲ့၊  မိဘမဲ့ခလေးတွေရာထောင်ချီ‌ေနလည်း၊ သံတိုင်‌ေနာက်ကတို့ အမေ၊ ငိုကျွေးယုံကလွဲလို့ ဆံချည်တမျှင်မျှလှုပ်ရှားမရ။

ကျနော်တို့မိခင် သံတိုင်နောက်မှာနေရင်း၊ အချိန်တွေဆုံးရှုံးလာတာ၊ မျိုးဆက်သစ်တို့အနာဂါတ်တွေ ပြုန်းဖြုန်းခံနေရသလိုပါ။

တကယ်လို့ဖြစ်နိုင်ရင်များ အမေထာဝရအသက်ရှင်ဖို့ကျနော်တို့အသက်တွေချိတ်ဆက်လို့အ‌ေမအသက်ကြာရှည်မယ်ဆိုရင် အမေ့အတွက်ပေးဆပ်ကြမဲ့သူကြီးပါ။

အမေအချုပ်အနှောင်ဘဝမှလွတ်မြောက်၍ထာဝရအသက်ရှည်စေသော်ဝ်။

သက်လွင် (လုပ်သားကောလိပ်)

(စစ်‌ေခွးဘီဘူး‌ေတွချုပ်‌ေနှာင်ခံထားရတဲ့အမေဒေါ်အောင်ဆန်းစုကြည်အတွက် ဂျွန်လ၁၉ရက်နေ့တွင်ကျရောက်သော ၈၁နှစ်ပြည့် မွေးနေ့လက်ဆောင်ဂုဏ်ပြုကဗျာ)

No comments:

Post a Comment